ညက ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ ကာရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ အတူပဲ မန်စီးတီးက (၃-၂)ဆိုတဲ့ ရလဒ်နဲ့ အနိုငျရရှိသှားခဲ့ဲပွီး နောက်တဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား အပြီး ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဒီပွဲစဉ်ဟာ ပရိသတ်တွေကို ရင်ခုန်စရာတွေတော့ ပေးစွမ်းသွားနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ လည်း လူစုံထုတ်ပြီးတော့ကို ယှဉ်ပြိုင်ကစားသွားခဲ့ကြတာ ဖြစ်ပါတယ်။

မန်စီးတီးတို့ဟာ တိုက်စစ်ပိုင်းမှာ ဟာလန်း၊ မာရက်နဲ့ ပယ်လ်မာတို့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ရိူဒရီ၊ ဒီဘရိုင်းနဲ့ ဂန်ဒိုဂန်တို့ ပွဲထွက်လာခဲ့ကြပါတယ်။ ခံစစ်မှာတော့ လီဝစ်၊ အကမ်ဂျီ၊ လာပေါ်တီနဲ့ အကီတို့ ပွဲထွက်လာခဲ့ပြီးဂိုးသမားနေရာမှာတော့ အော့တီဂါက ပွဲထွက်လာခဲ့ပါတယ်။

လီဗာပူးလ်တို့ကလည်း တိုက်စစ်မှာ ကာဗယ်ဟို၊ နူနက်နဲ့ ဆာလာတို့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်ပိုင်းမှာ အီလီရော့၊ ဘတ်ဆီတစ်၊ သီယာဂိုတို့ ပွဲထွက်လာခဲ့ပါတယ်. ခံစစ်မှာတော့ ရော်ဘတ်ဆန်၊ ဂိုမတ်၊ မာတစ်နဲ့ မီလ်နာတို့ ပွဲထွက်လာခဲ့ပြီး ဂိုးသမားနေရာမှာ ခဲလ်လဲလ်ဟာ ပွဲထွက်လာခဲ့ပါတယ်။

ပွဲစတယ်ဆိုတာနဲ့ မန်စီးတီးတို့ကပဲ ဘောလုံးကိုင်ကစားပြီး လီဗာပူးလ်ကို ဖိအားပေးတိုက်စစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ပွဲကစားချိန် (၁၀)မိနစ်ကို အရောက်မှာတော့ ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုကနေတဆင့် ဟာလန်းက ဂိုးသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပွဲကစားချိန် မိနစ်(၂၀)ကို အရောက်မှာတော့ မီလ်နာရဲ့ ဖန်တီးပေးမှုကနေတဆင့် ကာဗယ်ဟိုက ချေပဂိုး ပြန်လည် သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပထမပိုင်းပွဲကစားချိန်အတွင်းမှာတော့ မန်စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမဲ့ ဦးဆောင်ဂိုးတွေတော့ ထပ်မံ သွင်းယူနိုင်ခဲ့ခြင်းမရှိတော့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ ပိုမို ဖိအားပေးကစားလာနိုင်ခဲ့ပြီးတော့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကိုလည်း ပိုပြီးတော့ ပြုလုပ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ပွဲကစားချိန် (၄၇)မိနစ်အရောက်မှာတော့ ရိုဒရီရဲ့ ဖန်တီးပေးမှုကနေတဆင့် မာရက်က ဂိုးသွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ချက်ချင်းဆိုသလို ပွဲကစားချိန် (၄၈)မိနစ်မှာ နူနက်ရဲ့ ဖန်တီးပေးမှုကနေတဆင့် ဆာလတ်ချေပဂိုး ပြန်လည် သွင်းယူပေးသွားခဲ့တာကြောင့် (၂-၂)ဆိုစီပြန်ဖြစ်သွားခဲ့ပါတယ်။

ပွဲကစားချိန် (၅၈)မိနစ်အရောက်မှာတော့ ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုကနေတဆင့် အကီက မန်စီးတီး အတွက် ဦးဆောင်ဂိုးကိုသွင်းယူပြီး ပွဲပြီးဆုံးချိန်မှာ (၃-၂)ဆိုတဲ့ ၇လဒျနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။


မန်စီးတီးတိုက်စစ်ပိုင်းရဲ့ အဆုံးသတ်မသေချာမှုတွေကြောင့်သာ ထင်သလောက် ဂိုးမပြတ်ခဲ့တာလို့ဆိုရမှာ ဖြစ်ပါတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှု (၁၈)ကြိမ်အထိ မန်စီးတီးတို့က ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှုက (၉)ကြိမ်အထိ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်တို့ကတော့ ဂိုးပေါက်ခြိမ်းခြောက်မှု (၇)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီးတော့ (၂)ကြိမ်သာလျင် ဂိုးပေါက်တည့်မတ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ မန်စီးတီးကို လီဗာပူးလ်တို့ လုံးဝမယှဉ်နိုင်ခဲ့တာတော်တော်လေး သိသာစေခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးတို့ကတော့ ကမ္ဘာ့ဖလား အပြီး တောင့်တင်းတဲ့ လူစာရင်းနဲ့ တောင့်တင်းတဲ့ ခြေစွမ်းတွေကို ဆက်လတ်ထိန်းထားနိုင်ဆဲ ဖြစ်ပြီးတော့ ဟာလန်းကလည်း အချိန်တလနီးပါးအနားရထားပြီးနောက်ပိုင်း လတ်ဆတ်တဲ့ ခြေစွမ်းတွေနဲ့ ပြန်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။