တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ နောက်ခံလူဟောင််း တစ်ဦး ဖြစ်သူ တိုဘီ အက်ဒါဝီရယ် က သူဟာ 2018 တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းဖို့ အရမ်းကို နီးစပ်ခဲ့ကြောင်း ၊ ဒါပေမဲ့ မပြောင်းဖြစ်တဲ့အတွက်် နောင်တရတာမျိုး မရှိကြောင်း ထုတ်ပြောသွားခဲ့လိုက် ပါတယ် ။

အက်ဒါဝီရယ်ဟာ လက်ရှိ အချိန်မှာတော့ ဘယ်လ်ဂျီယံ အခြေစိုက် ရိုင်ယယ် အန့်တ်ဝပ် အသင်းမှာ ကစားနေသူ ဖြစ်ပဲ ဖြစ်ပါတယ် ။ အဲ့ဒီမတိုင်ခင်တုန်းကတော့ သူဟာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ် ဟော့စပါး အသင်းမှာ 2015 ကနေ 2021 အထိ 6 နှစ်တာ ကစားပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါအချိန်တုန်းကတော့ သူဟာ တော့တင်ဟမ် ဟော့ စပါး အသင်းအတွက် 174 ပွဲ အထိ ကစားပေးခဲ့တာ ဖြစ်ပြီး လီဗာပူး အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ် မှာလည်း တော့တင်ဟမ် အတွက် ကစားပေးခွင့် ရရှိသူပဲ ဖြစ်ခဲ့ရပါတယ် ။

ဒါ့အပြင် သူဟာ 2018 ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းအတွက်လည်း ပွဲထွက် ကစားခွင့်တွေ ရရှိခဲ့ပါသေးတယ် ။ ဒါ့ကြောင့် ယူနိုက်တက် နည်းပြ ဟိုဆေး မော်ရင်ဟို က မာမာထန်ထန် ကစားနိုင်တဲ့ သူ့လို ခံစစ်မှူးကို လိုချင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ မော်ရင်ဟို ဟာ မန်ချက်စတာ ယူနိုက်တက် အသင််းကို ကိုင်တွယ်ခဲ့စဥ်တုန်းက ဘယ်လ်ဂျီယံသားကို နည််းပြခွင့် မရရှိခဲ့ပဲ တော့တင်ဟမ် ဆီ ရောက်မှသာ နည်းပြခွင့် ရရှိခဲ့ပါတယ် ။ အခုတော့ အက်ဒါဝီရယ် က ယူနိုက်တက်ဆီ မပြောင်းခဲ့ရတဲ့ အကြောင်းကို ဖွင့်ပြောသွားခဲ့လိုက််ပါတယ် ။

” အပြောင်းအရွှေ့ တစ်ခုမှာ ကစားသမားတွေဟာ ပြောရေးဆိုခွင့် အများကြီး ရှိကြတယ်လို့ လူတွေထင်နေခဲ့ကြပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ အပြောင်းအရွှေ့ရဲ့ အကြောင်းကို နောက်ဆုံးမှ သိရတာ ကျွန်တော်တို့တွေပဲ ဖြစ်ကြပါတယ် ။ ဒါက တကယ့် အမှန်တရား တစ်ခုပါ ”

” ရုရှားမှာ ကမ္ဘာ့ ဖလား ကစားပြီးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာတွေ ဖြစ်ပျက်နေခဲ့သလဲဆိုတာကို ကျွန်တော် သိခဲ့ရတာပါ ။ ကျွန်တော်ဟာ ဘောလုံး အပေါ်ပဲ အာရုံစိုက်ချင်ပါတယ် ဆိုတာကို ကျွန်တော့်ရဲ့ အေးဂျင့်ဆီ အမြဲလို ပြောခဲ့ဖူးတဲ့သူမျိုးပါ ”

” ကျွန်တော်က ‘ အသင်းတွေဆီက ကမ်းလှမ်းမှု ရောက််လာခဲ့ရင် ခင်ဗျား ကြိုက်သလို စီမံပေးလိုက်လို့ ရပါတယ် ။ ကျွန်တော့်ဖက်က နားထောင်ပေးမယ် ‘ လို့ ပြောခဲ့တာပါ ။ မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုး ရောက်လာရင် ကျွန်တော် အရမ်း ပြောင်းချင်သလား ? နိုး ဒီအတွက် ကျွန်တော် နောင်တမရပါဘူး ”

” ကျွန်တော့် ကစားသမား ဘဝရဲ့ အကောင်းဆုံး အချိန်က တော့တင်ဟမ်နဲ့ပါ ။ ကျွန်တော်ဟာ ဒီအသင်း အပေါ် ဘယ်လောက်အထိ လေးစားသမှု ရှိသလဲဆိုရင် မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးက ကမ်းလှမ်းလာခဲ့ရင် မဖြစ်မနေသွားရမယ်ဆိုတဲ့ စိတ်ထားမျိုးမရှိခဲ့သလိုအထိပါပဲ ” လို့ အက်ဒါဝီရယ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။