ဘရာဇီးနည်းပြဟောင်းတီတီဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဘရာဇီးကိုအောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိမှုကြောင့်ရီယိုဒီဂျနဲလ်ရိုးတွင်လမ်းလျှောက်နေစဉ်သူခိုးတစ်ဦးရဲ့လုယက်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ဒေသတွင်းမီဒီယာများရဲ့ဖော်ပြချက်အရတီတီဟာနံနက်၆နာရီဝန်းကျင်တွင်လမ်းလျှောက်နေစဉ်သူခိုးတစ်ဦးရဲ့လုယက်တိုက်ခြင်းခံခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။

သူခိုးဟာတီတီဟာလုယက်တိုက်ခိုက်မှုမပြုလုပ်မီ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကျရှုံးခဲ့မှုအတွက်အပြစ်တင်မှုပြုလုပ်ခဲ့သေးကြောင်းသိရပါတယ်။

တီတီဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကွာတားဖိုင်နယ်မှထွက်ခွာခဲ့ရပြီးနောက် ဘရာဇီးနည်းပြရာထူးမှထွက်ခွာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဘရာဇီးကို၂၀၁၆ခုနှစ်တွင်စတင်ကိုင်တွယ်ပြီးနောက်ကိုပါအမေရိကဖလားရရှိအောင်စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။