မိုက်ကယ် အိုဝင် ကတော့ ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားမှု ရရှိနေခဲ့တဲ့ ဒေါ့မွန် ကြယ်ပွင့်လေး ဂျုဒ် ဘယ်လင်ဂမ် အနေနဲ့ ပရီးမီးယားလိဂ် ဆီကိုသာ ပြောင််းရွှေ့လာသင့်ကြောင်း အကြံပြုစကား ပြောကြားသွားခဲ့လိုက််ပါတယ် ။

ဂျုဒ် ဘယ်လင်ဂမ် ဆိုတာ ဘာမင်ဂမ် အသင်းမှ ဒေါ့မွန် အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့နောက် 2 နှစ်ခွဲအချိန်တာ ကာလ အတွင်း အထူးတိုးတက်လာခဲ့ပြီး ဥရောပထိပ်သီး ကလပ်တွေရဲ့ အာရုံကို ဖမ်းစားထားနိုင်သူ ဖြစ်လာနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် အင်္ဂလန် အတွက် ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာပါ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့နောက် သူဟာ ဥရောပ ထိပ်သီး ကလပ်တွေ အလျိုလျို လိုချင်နေကြတဲ့ ကစားသမားမျိုး အဖြစ်ပါ ပြောင်းလဲသွားခဲ့ရပါတယ် ။

အဲ့ဒီထဲမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ မန်စီးတီး ၊ လီဗာပူး အသင်းတွေပါ ပါဝင်ခဲ့ကြသလို ရီးယဲ မက်ဒရစ် အသင််းကလည်း စိတ်ဝင်စားတဲ့ အသင်းတွေထဲ ပါဝင်လာခဲ့ရပါတယ် ။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ဆိုရင် ဒေါ့မွန် အသင််းနဲ့ ရင်ဆိုင် ကစားပြီးတဲ့ ပွဲစဥ်တွေ အပြီးတိုင်းမှာ အင်္ဂလန််သားကို အမြဲလို ချီးကျူးခဲ့ပါတယ် ။ အခုတော့ အိုဝင် က ဘယ်လင်ဂမ် အနေနဲ့ ကမ္ဘာ့ အကောင်းဆုံး လိဂ် ဆီ ပြောင်းလာသင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူ (ဘယ်လင်ဂမ်) ပရီးမီးယားလိဂ်ဆီ လာသင့်တယ်လို့ ကျွန်တော် ထင်မိပါတယ် ။ သူဟာ ဂျာမဏီမှာ ကောင််းမွန်စွာ ကစားပြနိုင်ခဲ့ပါတယ် ။ ဒီလို ဖြစ်နိုင်ဖို့ အတွက် သူဟာ ငယ်ရွယ်စဥ် ကတည်းက ဘာမင်ဂမ် မှ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချခဲ့ရတယ်လေ ”

” သူဟာ ပွဲထွက် ကစားဖို့ အခွင့်အရေး ရနိုင်တဲ့ အသင်းမျိုးဆီ ပြောင်းလာခဲ့တာပါ ။ ဒေါ့မွန် အသင်းကတော့ သူတို့လက်ထဲ ရောက်လာတဲ့ ကစားသမားကို အကောင်းဆုံး အရောင်တင်ပေးနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ပရီးမီးယားလိဂ်က အကြီးမားဆုံး နဲ့ အကောင်းဆုံး လိဂ်လေ ”

” သူ့ကို ဘယ်အသင်းတွေ ခေါ်ဖို တတ်နိုင်သလဲ ဆိုတာက မေးခွန်းကောင်း တစ်ခုပါ ။ ကမ္ဘာပေါ်မှာ အများကြီးတော့ မရှိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ပါရမီပိုင််း အရမ်းအရမ်းထူးကဲသူမို့လို့လေ ။ သူဟာ အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်မယ့်သူပါပဲ ” လို့ အိုဝင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။