ပြင်သစ်လီဂူးပြိုင်ပွဲအပြင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာပါ အောင်မြင်မှုရရှိနိုင်ရေးအတွက် အဓိကပြင်ဆင်မှုတစ်ရပ်အနေဖြင့် ကစားသမား အင်အားထပ်မံဖြည့်တင်းနိုင်ရန် လုပ်ဆောင်လျှက်ရှိကာ အာဆင်နယ်အသင်းနဲ့ အတူ ဆက်တိုက်ခြေစွမ်းပြကစားထားနိုင်တဲ့ ပြင်သစ်နောက်တန်း ကစားသမား ဝီလီယံဆာလီဘာကို ခေါ်ယူနိုင်ရေးအတွက် စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ လိုက်ပါခွင့်ရခဲ့တဲ့ ဆာလီဘာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းကို Media Foot သတင်းဌာနအပြင် ကမ္ဘာကျော်သတင်းဌာန တစ်ခုဖြစ်တဲ့ The Athletic သတင်းဌာနတို့ကပါ ဖော်ပြလာကြတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ အတူ ခြေစွမ်းပြကစားကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်နေရာအထိ တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်တဲ့ ဆလီဘာအနေဖြင့် မြောက်လန်ဒန်ကလပ်နဲ့အတူ ၂၀၂၃ခုနှစ်အထိ စာချူပ်သက်တမ်း ကျန်ရှိနေသေးတဲ့အပြင် ၂၀၂၄ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုးခွင့်ပါ ပါဝင်နေသးတာကြောင့် ပီအက်စ်ဂျီအသင်း အနေဖြင့် ခေါ်ယူရခက်ခဲနိုင်ပြီး ဆာလီဘာကတော့ ယခုနှစ်ဘောလုံးရာသီတွင် အာဆင်နယ်အသင်း အတွက်သာမက ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံးရဲ့ အကောင်းဆုံး ဗဟိုနောက်တန်း ကစားသမားတွေထဲမှ တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်း အနေဖြင့် ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် ယနေ့ညမှာ ဝက်စ်ဟမ်း အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရဖို့ ရှိနေပေမဲ့ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်အထိ တက်လှမ်းထားခဲ့တာကြောင့် ဆာလီဘာက ပါဝင်ကစားနိုင်ဖို့ မသေချာသေးတာပဲ ဖြစ်ပါတယ်။