တော့တင်ဟမ်အသင်းနည်းပြ ကွန်တီက ဘောက်ဆင်ဒေးမှာ ကစားမယ့် ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ကမ္ဘာ့ဖလားပါဝင်ကစားခဲ့တဲ့ ကစားသမားတွေကို ရွေးချယ်မှာမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ဖလားပြီးဆုံးပြီး ၈ ရက်အကြာ တနလာၤနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ ကွန်တီကတော့ ဖိုင်နယ်ပွဲမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ လိုရစ်နဲ့ ရိုမီယူတို့ကို ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပြီးဖြစ်ပါတယ်။

ကျွန်တော် ပျော်နေတာတော့မဟုတ်ပါဘူး။ တခုပြောရမယ်ဆိုရင် ကျွန်တော့်အသင်းအတွက်တော့ ပျော်ပါတယ်။ အသင်းကစားသမား ၁၂ ယောက်လောက် ကမ္ဘာ့ဖလားကန်ရတာပါ။ ဒါပေမယ့် အဲ့တာက သာမန်ပါပဲ။

ကစားသမားတော်တော်များများ အခုပြိုင်ပွဲကို ကစားရတဲ့အချိန် အထူးသဖြင့် ဘောလုံးရာသီအတွင်းမှာ ကစားရတာက မလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာအခြေအနေက ထိပ်ဆုံးမှာ ရှိမနေတာကြောင့်ပါ။ သူတို့ကို အနားပေးဖို့ လိုအပ်ပါတယ်။ သေချာတာက ကျွန်တော် သူတို့ကို ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ရွေးချယ်မှာ မဟုတ်ပါဘူးလို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဘန်တန်ကာလည်း တနလာၤနေ့ပှဲကို အသေးစားတံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။ ရစ်ချာလီဆင်ကလည်း တံကောက်ကြော ဒဏ်ရာကြောင့်ပဲ တစ်လခန့် နားရတော့မှာဖြစ်ပါတယ်။