နည်းပြအာဆင်နယ်နည်းပြ အာတီတာက လက်ရှိလူငယ်တိုက်စစ်မှူး အန်ကီတီယာဟာ ဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်နေရာမှာ အစားထိုးနိုင်မယ့်သူလို့ ပြောကြားလိုက်ပါတယ်။ ဝက်စ်ဟမ်း အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲမှာ အန်ကီတီးယားတစ်ယောက် အသင်းအတွက် အရေးပါတဲ့ တတိယမြောက်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်သားဟာ ဘရာဇီးနဲ့အတူ ကမ္ဘာ့ဖလား ကစားပေးရင်း ဒဏ်ရာ ရရှိသွားတဲ့ ဂျီးဆပ်စ်ကြောင့် ဒီရာသီပထမဆုံး ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အချို့ကတော့ အင်္ဂလန်သားဟာ ဂျီးဆပ်စ်ခြေရာကို လိုက်နင်းနိုင်မယ့်သူလို့ ထင်မြင်နေကြပြီး အာတီတာကလည်း ထောက်ခံခဲ့ပါတယ်။

စပိန်သားက အန်ကီတီယာတစ်ယောက် ဂိုးသွင်းနိုင်ခဲ့တာကြောင့် ယုံကြည်မှုပိုရသွားပြီလို့ ဆိုခဲ့ပါတယ်။ “သူက တကယ့်ကိုယုံကြည်မှုရှိတဲ့ကောင်လေးပါ။ ဒါပေမယ့် အခုသွင်းဂိုးကြောင့် သူယုံကြည်မှုပိုရသွားမယ်လို့ ထင်ပါတယ်။ ဒီနေ့ပွဲမှာ သူ့စွမ်းဆောင်ရည်က အကောင်းဆုံးဖြစ်ခဲ့ပြီး တကယ်ကောင်းတဲ့ ဂိုးတစ်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ အက်ဒီ နဲ့ အသင်းအတွက် အဲ့တာက အရမ်းအရေးပါပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပထမပိုင်းမှာ ဝက်စ်ဟမ်းရဲ့ထိန်းချုပ်မှုကိုခံခဲ့ရပေမယ့် ဒုတိယပိုင်း အကောင်းဆုံး ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်း အတွက်ဦးဆောင်ဂိုးကို ဘန်ရာမာက ပင်နယ်တီကနေ သွင်းယူခဲ့ပြီး အဲ့နောက် အာဆင်နယ်က ဆာကာ၊ မာတီနယ်လီ၊ အန်ကီတီယာတို့ရဲ့ဂိုးတွေနဲ့ပြန်လာနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့လန်ဒန်ဒါဘီပွဲကို သက်တော်ရှည်နည်းပြဟောင်း ဝင်းဂါးလာရောက်အားပေးခဲ့တာဖြစ်ပါတယ်။