အဲဗာတန်အသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်တိုက်စစ်ကစားသမား အန်တိုနီအီလန်ဂါကို လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာ အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Athletic သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် တောင်ပံကစားသမားလေးဟာ ယာယီနည်းပြ ရာ့ဖ်ရန်နစ်လက်ထက် ပြီးခဲ့တဲ့ရာသီတစ်ဝက်ကို ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပေမယ့် နည်းပြအဲရစ်တန်ဟတ် လက်ထက်မှာတော့ ပှဲကစားခှင့ျဟာာ အကန့်အသတ်နဲ့သာ ကစားခွင့်ရပါတော့တယ်။

အီလန်ဂါဟာ ဒီရာသီမှာ ၁၄ ပွဲ ကစားခဲ့ပြီး မိနစ်စုစုပေါင်းကတော့ ၅၀၀ မိနစ်အောက်သာ ရှိတာကြောင့် အခုဆိုရင် အဲဗာတန်က ယာယီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါပေမယ့် အီလန်ဂါရဲ့အငှားထွက်မထွက်ဆိုတဲ့ အချက်က ဂျေဒန်ဆန်ချိုရဲ့ အခြေအနေပေါ်မှာလည်း မူတည်လျက်ရှိပါတယ်။ ဆန်ချိုက စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှုပြည့်ဝစေဖို့ လက်ရှိနယ်သာလန်မှာ သီးခြားထရိန်နင် ပရိုဂရမ်တွေနဲ့ လေ့ကျင့်ခန်းဆင်းလျက်ရှိပါတယ်။

တန်ဟတ်ကိုယ်တိုင်ကတော့ ဆန်ချို ဘယ်အချိန် ပြန်လာမယ်ဆိုတာ မသိသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့တာကြောင့် ဆန်ချိုပြန်မလာနိုင်သရွေ့ အီလန်ဂါလည်း အငှားထွက်နိုင်မှာ မဟုတ်ပါဘူး။ အဲဗာတန်ကို အငှားပြောင်းရွှေ့တာက ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် ပိုမိုလိုအပ်နေတဲ့ အီလန်ဂါအတွက်တော့ ကောင်းတဲ့အချက်တွေ အများကြီးရှိနေပါတယ်။

ဒါပေမယ့် တိုက်စစ်ကစားသမားတွေ လိုအပ်နေတဲ့ ယူနိုက်တက်အတွက် ကစားသမားအင်အားပိုနည်းသွားနိုင်ပါတယ်။ အဲ့ဒါကြောင့် ဆန်ချိုပြန်လာလာမလာလာ၊ အီလန်ဂါကိုတော့ လူစာရင်းထဲမှာ ဆက်ထားဖို့လိုပါတယ်။ ဒါပေမယ့် အီလန်ဂါရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကကျတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးနေ့ထိ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။

တစ်ဖက်မှာလည်း ယူနိုက်တက်ရဲ့ ဇန်နဝါရီအဓိက ပစ်မှတ်တစ်ခုဖြစ်တဲ့ ပီအက်စ်ဗွီက ကိုဒီဂက်ပိုကို ပြိုင်ဘက်လီဗာပူးက ကြားဖြတ်ခေါ်ယူသွားတာကြောင့် ယူနိုက်တက်အနေနဲ့ တိုက်စစ်မှူးရှာပုံတောင်ခရီးကို ထပ်ဆန့်ရဦးမှာ ဖြစ်ပါတယ်။

နယ်သာလန်သားဟာ နည်းပြတန်ဟတ်ရဲ့ ဦးစားပေး တိုက်စစ်ပစ်မှတ်တစ်ခုဖြစ်ပေမယ့် အခုတော့ အန်ဖီးလ်ကိုပဲ တရားဝင်ရောက်ရှိတော့မှာပါ။ ကမ္ဘာ့ဖလားကြယ်ပွင့်ကို ကမ်းလှမ်းဖို့ ယူနိုက်တက်က အရင်ဆုံး အခွင့်အရေးရခဲ့ပေမယ့်လည်း အခုတော့ လီဗာပူးကို ရောက်သွားခဲ့ပါပြီ။