ညက ကစားသွားခဲ့ကြတဲ့ မန်ယူနိုက်တက်နဲ့ နော်တင်ဟမ်ဖောရက်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် မန်ယူနိုက်တက်တို့က (၃-ဝ)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီးတော့ အိမ်ကွင်းမှာ အဖိုးတန် အနိုင် (၃)မှတ်ကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူနိုက်တက်တို့ အတွက်တော့ မာတီနက် ဒါလော့ တို့မပါလာတာကလွဲရင် လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီးတော့ အိုးထရက်ဖို့ဒ်မှာ နော်တင်ဟမ်ဖောရက်ကို အဆင်ပြေပြေလေးပဲ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမားနေရာမှာ ဒီဂီယာ၊ နောက်တန်းမှာ ဘစ်ဆာခါ၊ ဗာရန်း၊ လုခ်ရှော၊ မာလီစီယာတို့ ပွဲထွက်လာခဲ့ပြီးတော့ ကွင်းလယ်မှာ ကပ်စ်မဲရိုး၊ အဲရစ်တို့ ပွဲထွက်လာခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာတော့ အန်တိုနီ၊ ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်နဲ့ မာရှယ်တို့ ပွဲထွက်လာခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်ကတော့ ဂိုးသမားနေရာမှာ ဟမ်နက်ဆီ၊ နောက်တန်းမှာ လိုဒီ၊ ဘိုလီ၊ ဝေါရယ်လ်၊ အူရီယာတို့ ပွဲထွက်လာခဲ့ပြီး၊ ကွင်းလယ်မှာ မန်ဂလာ၊ ဖရူလာ၊ ရိတ်စ်တို့ ပွဲထွက်လာခဲ့ပါတယ်။ တိူက်စစ်မှာတော့ လင်ဂတ်၊ အဝမ်နီရီနဲ့ ဂျွန်ဆန်တို့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်တို့ အနေနဲ့ မန်ယူနိုက်တက်ကို ခြေစွမ်းပိုင်းအရ လုံး၀ ယှဉ်နိုင်ခဲ့ခြင်းမရှိပဲ အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်တို့ကတော့ ကမ္ဘာ့ဖလား အပြီး ပြန်လာခဲ့တဲ့ ပွဲစဉ်မှာ အတည်ငြိမ်ဆုံး ခြေစွမ်းတွေကို ပွသထားခဲ့ဲပွီးတော့ အဖိုးတန် အနိုင်(၃)မှတ်ရအောင် စွမ်းဆောင်ပြသွားနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အထူးချီးကျူးရမှာကတော့ မန်ယူနိုက်တက် ကွင်းလယ်ခံစစ်ကစားသမားကြီး ကပ်စ်မဲရိုးဖြစ်ပြီးတော့ ကွင်းလယ်ကနေ ပြိုင်ဘက်တိုက်စစ်လမ်းကြောင်းတွေကို ဟန့်တားရာမှာ တော်တော်လေးကို ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖရက်ဒ်ရဲ့ ပွဲကစားချိန် (၈၇) မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သေးတာ ဖြစ်ပါတယ်။ ညာတောင်ပံမှာ ပွဲထွက်လာခဲ့တဲ့ အန်တိုနီကတော့ ကြောင်ပျောက်နေခဲ့ပြီး ပုံမှန်လူပေးတာတွေ့အစ မှားယွင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ မန်ယူနိုက်တက် အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစာချိန် (၁၉) မိနစ်မှာ အဲရစ်ဆန်ရဲ့ဖန်တီးပေးမှုကနေတဆင့် ရက်ဖို့ဒ်က စတင် သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

(၃)မိနစ်အကြာမှာတော့ ရက်ဖို့ဒ် အလိုက်သင့် ချပေးလိုက်တဲ့ ဘောလုံးကို မာရှယ် (၁၈)ကိုက်စည်းထိပ်ကနေပြီးတော့ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် (၈၇) မိနစ်မှာတော့ ကပ်စ်မဲရိုးရဲ့ ဖန်တီးပေးမှုကနေတဆင့် ဖရက်က တတိယမြောက်ဂိုးကို သွင်းယူပေးသွားခဲ့တာပါ။

ဒီပွဲစဉ်မှာ ဖရက်ဒ်ရဲ့ သွင်းဂိုးဟာ ဘရာဇီးသားတစ်ယောက်ရဲ့ ဖန်တီးပေးမှုကို ဘရာဇီးသားတစ်ယောက်က ဂိုးအဖြစ် သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ မန်ယူနိုက်တက်အတွက် ဘရာဇီးသား နှစ်ဦးရဲ့ ပူးပေါင်းမှုကနေ ရရှိတဲ့ ပထမဆုံး သွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပဲပြီ ဖြစ်ပါတယ်။

ရက်ဖို့ဒ် အနေနဲ့လည်း ဒီရာသီ ပြိုင်ပွဲစုံ (၂၁)ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး (၁၀)ဂိုးအထိ ရှိလာခဲ့ပြီးတော့ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ (၃၂)ပွဲမှာ (၅)ဂိုး သွင်းယူနိုင်ခဲ့တာ ထက် သာလွန်တဲ့ ဂိုးသွင်းစွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူနိုက်တက်တို့ အတွက် ဒီပွဲစဉ်ကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် (၁၅)ပွဲကစားပြီးချိန်မှာရမှတ် (၂၉)မှတ် အထိ ရရှိထားခဲ့ပြီးတော့ အမှတ်ပေးဇယားရဲ့ အဆင့် (၅)နေရာမှာ ရပ်တည်လျက် ရှိနေပြီပဲ ဖြစ်ပါတယ်။