အင်တာမီလန်သင်းက ရာသီကုန်မှာ အသင်းက ထွက်ခွာလိုတဲ့ ကစားသမားအချို့ကို ရောင်းချသွားရဖို့ရှိနေတာဖြစ်သလို အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ထားခဲ့တဲ့ အဓိကတိုက်စစ်ကစားသမား မာတီနက်ဇ်ကပါအသင်းပြောင်းရွှေ့ ကစားနိုင်ခြေရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပေမဲ့ အာဂျင်တီးနားစတား အနေဖြင့် မီလန်ကလပ်မှာ ဆက်နေသွားဖို့ ရှိတဲ့အကြောင်း La Gazzeta dello Sport သတင်းဌာနက ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

ပူပူနွေးနွေးကမ္ဘာ့ဖလားချန်ပီယံအဖြစ် ဆွတ်ခူးရယူထားတဲ့ မာတီနက်ဇ်အနေဖြင့် အင်တာမီလန်အသင်းမှာ ၂၀၂၆ခုနှစ်အထိ စာချူပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပြီး မာတီနက်ဇ်ကို ခေါ်ယူလိုတဲ့အသင်းတွေ အနေဖြင့်လည်း အာဂျင်တီးနား တိုက်စစ်မှုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ခန့်အထိ ပေးချေခေါ်ယူရဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

အင်တာမီလန်အသင်းက ကစားသမားအချို့အား ရောင်းချရဖို့ ရှိနေချိန်တွင် အခြားဥရောပထိပ်တန်း ကစားသမားအချို့ကို ခေါ်ယူဖို့ ဈေးကွက်အတွင်းမှာ ရှာဖွေနေပြီး အီဒင်ဟာဇက်၊ မက်အယ်လစ္စတာနဲ့ မားကပ်စ်သူရမ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

အင်တာမီလန်အသင်းရဲ့ ပိုင်ရှင်တွေဖြစ်ကြတဲ့ တရုတ်လူမျိုးကျန့်မိသားစုကလည်း အင်တာအသင်းကို ရောင်းချဖို့ ပြင်ဆင်နေပြီး ယူရို ၁.၂သန်းခန့် အလိုရှိနေတာကြောင့် ဝယ်ယူလိုသူမရှိဖြစ်နေတာ ဖြစ်ပါတယ်။

လော်တာရိုမာတီနက်ဇ်အနေဖြင့် အင်တာမီလန်အသင်းတွင် ခြေစွမ်းပြကစားကာ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကြံ့ခိုင်းမှုနည်းပါးနေတာကြောင့် ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဘောလုံးပရိတ်သတ်တွေရဲ့ ကြီးမားတဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။