ညက ကစားသွားခဲ့ကြတဲ့ လိဒ်ယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်မှာတော့ မန်စီးတီးတို့ဟာ ဟာလန်း၊ ရိုဒီရီတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိသွားခဲ့ပြီး အဆင့် (၁)နေရာက အာဆင်နယ်ကို (၅) မှတ်အကွာနဲ့ ဆက်လတ်ဖိအားပေးထားနိုင်ခဲ့ပါတယ်။

လိဒ်ယူနိုက်တက်အနေနဲ့ မန်စီးတီးကို အိမ်ကွင်းမှာ ကစားခဲ့တာတောင် ဘယ်လိုမှ ယှဉ်ကစားနိုင်ခဲ့ခြင်းမရှိပဲ ခြေပြတ် ဂိုးပြတ်နဲ့ ရှုံးနိမ့် သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု (၇၀)ရာခိုင်နှုန်း အထိ ရှိခဲ့ပြီးတော့ ဂိုးကန်သွင်းခွင့်ကလည်း (၂၆)ကြိမ်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

အပိုင်အခွင့်အရေး (၇)ကြိမ်လောက်အထိ ရှိခဲ့ပြီးတော့ အသုံးမချနိုင်ခဲ့လို့ သာ (၃-၁)ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံး သွားခဲ့တာ ဖြစ်ပါတယ်။ အပိုင်အခွင့်အရေးတွေကို သာအသုံးချနိုင်ခဲ့မယ်ဆိုရင် အနည်းဆုံး (၈)ဂိူးလောက် အထိ ပြတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဆိုတော့ ထုံးစံ အတိုင်းပွဲကစားချိန် (၄၅) မိနစ်မှာ ရိုဒရီက ဂိုး စတင် သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် (၅၁) မိနစ်နဲ့ (၆၄) မိနစ်တွေမှာ ဟာလန်းက သွင်းယူပေးးသွားခဲ့တာပဲ ဖြစ်ပါတယ်။ လိဒ်အတွက် တလုံးထဲသော ခြေပဂိုးကိုတော့ (၇၃) မိနစ်မှာ စထရုက သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဆိုတော့ ထုံးစံ အတိုင်း ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာလည်း ပွဲချိန်အတွင်း သွင်းဂိုး (၂)ဂိုးနဲ့ အတူ စံချိန်မှတ်တမ်းတွေ များစွာကို ထပ်မံ ရရှိသွားခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။

ဟာလန်း အနေနဲ့ ဘွန်ဒက်လီဂါနဲ့ ပရီးမီးယားလိဂ်မှာ ကစားထားခဲ့တဲ့ နောက်ဆုံး (၈၁) ပွဲမှာ တိုက်ရိုက် ဂိုးပါဝင်ပတ်သက်မှု (၁၀၀)ဂိုး အထိ ရှိလာခဲ့ပြီးတော့ သွင်းဂိုးက (၈၂)ဂိုးနဲ့ ဂိုးဖန်တီးမှုက (၁၈)ကြိမ်အထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် (၁၄)ပွဲကစားထားပြီးချိန်မှာပဲ ဟာလန်းက ပရီးမီးယားလိဂ် သွင်းဂိုး (၂၀) ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပြီးတော့ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲ အရေအတွက် အနည်းဆုံးနဲ့ သွင်းဂိုး (၂၀) ပြည့်မြောက်တဲ့ ကစားသမားအဖြစ် မှတ်တမ်း ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟာလန်းဟာ (၁၈၁)ပွဲကစားပြီး (၁၉) ဂိုး သွင်းနိုင်ခဲ့တဲ့ သူ့ရဲ့ အဖေဖြစ်သူ အယ်ဖီဟာလန်းရဲ့ ဂိုးသွင်းမှတ်တမ်းကိုလည်း ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် မှတ်တမ်းတစ်ခုကတော့ ဂွာဒီယိုလာ လက်အောက် ကစားခဲ့တဲ့ ကစားသမားတွေထဲမှာ သွင်းဂိုး (၂၅)ဂိုး အမြန်ဆုံး ပြည့်တဲ့ ကစားသမားအဖြစ် ပွဲ (၂၀)ကစားပြီးတော့ မှတ်တမ်း ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဆိုတော့ ဟာလန်းအနေနဲ့ ပရီးမီးယားလိဂ်လို ခက်ခဲတဲ့ ပြိုင်ပွဲတစ်ခုမှာ အခုလို ဂိုးတွေ ရက်ရက်စက်စက် သွင်းပြနေတာ ဟာ တော်တော်လေးကို အထင်ကြီးစရာကောင်းလွန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

လက်ရှိ (၁၄) ပွဲကစားပြီးချိန် ပရီးမီးယားလိဂ် သွင်းဂိုး (၂၀) ရရှိထားတာကြောင့် နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲမှာ အနည်းဆုံး တစ်ပွဲကို (၂)ဂိုးနှုန်း သွင်းယူနိုင်ခဲ့မယ်ဆိုရင်တောင် ပြီးခဲ့တဲ့ ရာသီက ဂိုးသွင်းအများဆုံး မှတ်တမ်းဖြစ်တဲ့ (၂၃)ဂိုးကို ကျော်တက်သွားတော့မှာပဲ ဖြစ်ပါတယ်။

ဂွာဒီယိုလာလို တိုက်စစ်ကစားဟန်ကောင်းမွန်လွန်းတဲ့ နည်းပြ အောက်မှာ ဟာလန်းရောက်ရှိလာခဲ့ခြင်းဟာ အခုလိုမျိုး ဂိုးတွေကို ရေတွက်ရမယ့် အဓိက အကြောင်းတရား ဖြစ်လာခဲ့တယ်လို့ ဆိုရတာ့မှာပဲ ဖြစ်ပါတယ်။