ဘောလုံးလောကရဲ့ တကယ့် အမွေအနှစ် ကစားသမားကြီးတစ်ဦးလို့ ဆိုရမယ့် ဘရာဇီး ဂန္ဓဝင်ကြီး ပီလီကတော့ အသက် (၈၂)နှစ် အရွယ်မှာပဲ တင်ပဲ ဆုံးပါးသွားခဲ့ရပြီ ဖြစ်ကာ ဘောလုံးလောကအတွက် ဝမ်းနည်းစရာ ဆုံးရှုံးမှု တစ်ခု ဖြစ်စေခဲ့ပါတယ်။

ဘောလုံးသမိုင်းတလျှောက် အခမ်းနားဆုံး ကစားသမားတစ်ယောက်အဖြစ်ပါ သက်မှတ်ခံထားရတာ ဖြစ်ပြီး ပီလီချန်ထားရစ်ခဲ့တဲ့ ဘောလုံးလောကရဲ့ အမွေအနှစ်တွေက အဖိုးတန်လွန်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အခုဖော်ပြပေးမှာတော့ ကစားသမား ဘဝတလျှောက် ပီလီတင်ထားခဲ့တဲ့ ဖြစ်နိုင်တယ်လို့တောင် ထင်စရာမရှိတဲ့ စံချိန်(၇)ခုကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပီလီဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ကမ္ဘာ့ဖလားကို ဆွတ်ခူး နိုင်တဲ့ အသက်အငယ်ဆုံး ကျောနံပါတ် (၁၀)ကစားသမား ဖြစ်ခဲ့ပါတယ်။ (၁၉၅၈) ဆွီဒင်ကို အနိုင်ရရှိခဲ့တ့ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပီလီရဲ့ အသက်ဟာ (၁၇)နှစ်နဲ့ (၂၄၉)ရက်သာ ရှိခဲ့သေးတာဖြစ်ပါတယ်။

ပီလီဟာ လက်ရှိ အချိန်အထိ ဘရာဇီးအတွက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ပီလီက ရ့်တည်လျက် ရှိနေပြီးတော့ ဘရာဇီးအတွက် တရားဝင် ပွဲပေါင်း (၉၂) ပွဲကစားပေးခဲ့ကာ သွင်းဂိုး (၇၂)ဂိုး အထိသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပီလီဟာ ဖီဖာ ကမ္ဘာ့ဖလား သမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်လျက်ရှိနေတာ ဖြစ်ပါတယ်။ ပီလီဟာ (၁၉၇၀) ကမ္ဘာ့ဖလားမှာတုန်းက ပြိုင်ပွဲတလျှောက် ဂိုးဖန်တီးမှု (၁၀)ကြိမ်အထိ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခု အတွင်း ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်နိုင်တဲ့ ကစားသမားအဖြစ် လက်ရှိ အချိန်အထိ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပီလီဟာ ကမ္ဘာ့ဖလားကို (၃)ကြိမ်အထိ ရရှိခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ်လည်း လက်ရှိအချိန်အထိ ရပ်တည်လျက် ရှိနေတာဖြစ်ပါတယ်။ တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေတောင် တစ်ကြိမ်တခါ ရဖို့ မလွယ်တဲ့ ကမ္ဘာ့ဖလားကို ပီလီက (၃)ကြိမ်အထိ ရယူပြခဲ့တာ ဖြစ်ပါတယ်။

ဘလွန်းဒီအော်ဆု သမိုင်းမှာလည်း ဘလွန်းဒီအော်ကို အများဆုံး ရရှိထားတဲ့ ဘရာဇီးသားတစ်ယောက်အဖြစ် ပီလီက မှတ်တမ်းဝင်ထားခဲ့တာလည်းပဲ ဖြစ်ပါတယ်။ (၂၀၀၇)ခုနှစ် မတိုင်ခင်အထိ ဘလွန်းဒီအော်ဆုကို ဥရောပကစားသမားတွေ အတွက်သာပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ (၂၀၁၆)ခုနှစ်မှာတော့ ဘလွန်းဒီအော် အဖွဲ့ချုပ်ကနေပြီးတော့ ဘလွန်းဒီအော်ဆုကို ကမ္ဘာတဝန်းမှာ ရှိတဲ့ ကစားသမားတွေကို ပေးမည်ဆိုပါက ဘယ်သူတွေ ရနိုင်လဲဆိုတဲ့ အချိန်မှာတော့ ပီလီကလည်း (၇)ကြိမ်အထိ ရရှိမှာ ဖြစ်တယ်လို့ သက်မှတ်ခံခဲ့ရပါတယ်။

(၁၉၅၈)ခုနှစ်ပြင်သစ်နဲ့ ကစားခဲ့ရတဲ့ ကွာတားဖိုင်နယ်မှာလည်း ပီလီဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီးတော့ ပြိုင်ပွဲမှာ (၃)ဂိုး သွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဘောလုံးသမိုင်းမှာ ဟက်ထရစ် သွင်းဂိုး အများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်း ဝင်ထားပြီး ကစားသမားဘ၀ ပီလီဟာ ဟက်ထရစ် (၉၂)ကြိမ်အထိ သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။