ဝုဖ်အသင်းဟာ ဒီနေ့ပွဲစဉ်မှာတော့ ၄-၃-၃ ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီး ရှေ့တန်းမှာ ပိုဒန်၊ဒီယေဂို ကော်စတာ၊ဟွမ်ဟီချန် တို့ကိုထားပါတယ်။ ကွင်းလယ်မှာတော့ မော်တင်ဟို၊ရူဘင်နီဗက်စ်၊မက်သရူးနူနက်စ်၊ တို့ရှိနေစေကာ ခံစစ်ပိုင်းမှာတော့ ဟူဂိုဘူနို၊ကီးလ်မန်း၊ကောလင်း၊ဆီမီဒိုတို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။

မန်ယူအသင်းကတော့ ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ မာရှယ်ကိုအထောင် မှာထားပြီး ဂါနာချို၊ဖာနန်ဒက်စ်၊အန်တိုနီတို့ကိုထားပါတယ်။ ကွင်းလယ်မှာတော့ ကတ်စမဲရိုးနဲ့ အဲရစ်ဆင်တို့ ကိုထားကာ ခံစစ်ပိုင်းမှာတော့ မာလာစီယာ၊လုရှောခ်၊ဗာရန်း၊ဝမ်ဘစ်ဆာကာတို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။

ပွဲစတာနဲ့ နှစ်သင်းစလုံးကတော့ ရလဒ်ကောင်းဖို့ အပြင်းအထန်ကြိုးစားကစားခဲ့ပါတယ်။ စပြီး ၅ မိနစ်လောက် မှာ မန်ယူတိုက်စစ်ကစားသမား မာရှယ်ဟာ ဝုဖ်အသင်းပင်နယ်တီဧရိယာထဲမှာ လဲှကသြှားခဲ့ပမေယ့ျ ကွင်း လယ်ဒိုင်ကတော့ ပင်နယ်တီပေးခဲ့ခြင်းမရှိခဲ့ပါဘူး။

ပွဲချိန် ၁၆ မိနစ်မှာတော့ မန်ယူအသင်းကစားသမား ဂါနာ ချိုဟာ ဂိုးသမားတစ်နဲ့ တစ်ဦးခြင်းတွေ့ကအပိုင်ကန်ခွင့်ရခဲ့ပေမယ့် သူ့ရဲ့ကန်ချက်ကို ဝုဖ်အသင်းဂိုးသမား က ကာကွယ်နိုင်ခဲ့ပါတယ်။ ဝုဖ်အသင်းအနေနဲ့ တန်ပြန်တိုက်စစ်ဆင်ကစားပေမယ့် ဂိုးရအောင်တော့ လုပ်ဆောင် နိုင်ခြင်းမရှိခဲ့ပါဘူး။ ပွဲချိန် ၂၂ မိနစ်မှာ အန်တိုနေးရဲ့ကန်ချက်ဟာ ဝုဖ်အသင်းနောက်ခံလူကိုထိပြီး ဝုဖ်အသင်းဂိုးသမား ဖမ်းမိသွား ခဲ့ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာ အန်တိုနေးရဲ့ ခေါင်းတိုက်မှုကိုလည်း ဝုဖ်အ သင်းဂိုးသမားက ဖမ်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းပီးခါနီးမှာ အန်တိုနေးဟာနောက်တစ်ချိန်ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် ဝုဖ်အသင်းဂိုးသမားကထပ်မံကာကွယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပထမပိုင်းမှာတော့ ဂိုးမရှိသရေနဲ့ သာပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဝုဖ်အသင်းက ဒီယေဂိုကော်စတာရဲ့နေရာမှာတော့ ထရာအိုရေးကို လူစားလဲခဲ့ပါ တယ်။ ဝုဖ်အ သင်းရဲ့ ကစားဟန်ကပိုကောင်းလာခဲ့ပါတယ်။ ပွဲချိန် ၅၆ မိနစ်မှာ ကာစီမီယိုရဲ့ ကြမ်းတမ်းတဲ့ဖြတ် ထုတ်မှုကြောင့် အဝါကတ်အပြခံခဲ့ရပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ ဝုဖ်အသင်းကစားသမား ရူဘင်နီဗက်စ် ရဲ့ ဖရီးကစ်ကန်ချက်ကိုတော့ ဒီဂီယာက အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဝုဖ်အသင်း ရရဲ့ ကစားအားက ပထမပိုင်းထက်ပိုကောင်းလာပြီး မန်ယူအသင်းရဲ့ ဂိုးပေါက်ကို ပိုပြီးခြိမ်းခြောက်လာနိုင် ခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ မန်ယူကစားသမားဖရက်ဒ်ရဲ့ ကြမ်းတမ်းတဲ့ဖြတ်ထုတ်မှုတွေကြောင့် အဝါ ကတ်အပြခံခဲ့ရပါတယ်။ ပွဲချိန် ၇၅ မိနစ်မှာ မန်ယူ တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်က ဝုဖ်အသင်းကစားသမား ၄ယောက်၊၅ ယောက်ကြားကနေ ဂိုးပေါက်ဂိုးပေါက် ကန်သွင်း ယူနိုင်ခဲ့တာကြောင့် မန်ယူအသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။

၈၂ မိနစ်မှာ ရက်ရှ်ဖို့ဒ်က သူ့ရဲ့ကန်ချက်ကို ကာကွယ်ရင်းကပြန်ထွက်လာတဲ့ ဂိုးကို ခန္ဓာကိုယ်တဲ့တိုက်ကာ သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဂိုးကို ကွင်းလယ်ဒိုင်က VAR ကြည့် ပြီး ဂိုးအ ဖြစ်ပယ်ဖျက်ခဲ့ပါတယ်။ ပွဲပြီးခါနီးနာကျင်ချိန်ပိုမှာ ဝုဖ်အသင်းဟာဂိုးရဖို့အခွင့်အရေးတွေ ရှိနေခဲ့ပေမယ့် ဒီဂီယာ ကလက်စွမ်းပြကာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန်မိနစ် ၉၀ အပြီးမှာတော့ ဧည်သည့်မန်ယူ အသင်းက အိမ်ရှင်ဝုဖ်ကို ဝ-၁ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။