ဘာစီလိုနာအသင်းကတော့ လီဝန်ဒေါစကီးတစ်ယောက် ၃ ပွဲပယ်ခံရပြီးနောက် အက်စပန်ညိုနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ ကြေညာလိုက်ပါတယ်။ ပိုလန်သားဟာ အနီကတ်ကြောင့် ၃ ပွဲလောက်နားခဲ့ရပေမယ့် အခုတော့ ပြန်လည်ကစားဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။

“လီဝန်ဒေါစကီးတစ်ယောက် အနီကတ်ကြောင့် ၃ ပွဲလောက်နားခဲ့ရပေမယ့် အခုတော့ အက်စပန်ညိုနဲ့ပွဲမှာ ပြန်လည်ပါဝင်လာတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင် အနီကတ်ထိခဲ့တာကြောင့် အနားယူခဲ့ရပါတယ်”လို့ ဘာစီလိုနာက ကြေညာခဲ့ပါတယ်။

လီဝန်ဒေါစကီးတစ်ယောက် အနီကတ်ကြောင့် ၁ ပွဲသာ ပယ်ခံခဲ့ရပေမယ့် နောက်ထပ် ၂ ပွဲက အပြုအမူကြောင့် ထပ်မံပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ပိုလန်သားကတော့ အဆိုပါအပြုအမူဟာ ဇာဗီကိုရည်ရွယ်တာဖြစ်ပြီး ကွင်းလယ်ဒိုင်တွေကို မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။