မန်စီးတီးအသင်းကတော့ ဒီနေ့ပွဲစဉ်မှာ ၃-၄-၂-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီး ရှေ့တန်းမှာတော့ ဟာလန်းကို တိုက်စစ်မြားဦးမှာထားပြီး ဂရီလစ်ရှ်၊မာရက်ဇ်တို့နဲ့ဝန်းရံထားပါတယ်။ ကွင်းလယ်မှာတော့ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီ၊ဒီဘရိုင်းတို့ကိုထားကာ ခံစစ်ပိုင်းမှာတော့ အာကီ၊အေကန်ဂျီ၊စတုန်းတို့နဲ့ပွဲထွက်လာခဲ့ပါတယ်။

အဲဗာတန်အသင်းကတော့ ၅-၄-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ ကလွိုင်းဗက်လီဝင် တစ်ဦးတည်းကိုအထောင်မှာထားကာ ကွင်းလယ်မှာတော့ ဂရေး၊ဂူယီ၊အိုနာနာ၊အိုင်ဝိုဘီ၊တို့ကိုထားပါ တယ်။ ခံစစ်ပိုင်းမှာတော့ မိုင်ကိုလန်ကို၊တာကိုဝါစကီ၊ကိုဒီ၊ဂေါ့ဖရေး၊ပတ်တာဆန်တို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။

ပထမပိုင်းစစခြင်းမှာဘဲ ဟာလန်းဟာ အဲဗာတန်ကစားသမား ဂေါ့ဖရေးနဲ့ ခိုက်မိကာတာကြောင့်အနည်းငယ်ကု သမှုတွေပြုလုပ်ခဲ့ရပါသေးတယ်။ ၂ မိနစ်လောက်ကုသမှုအပြီးမှာတော့ ဟာလန်းက ပွဲကိုဆက်ကစားခဲ့ပါ တယ်။

ပွဲချိန် ၁၀ မိနစ်လောက်မှာတော့ မန်စီးတီးအသင်းကတော့ ပွဲကိုစိုးမိုးကစားနိုင်ခဲ့ပါတယ်။ ဒေးဗစ်ဆေးလ်ဗား က ဝုဖ်အသင်းကစားသမားပီတာဆန်အပေါ်ဖြတ်ထုတ်မှုကြမ်းခဲ့တာကြောင့် အဝါကတ်အပြခံခဲ့ရပါတယ်။ ပွဲချိန် ၂၃ မိနစ်မှာ မာရက်ဇ်ရဲ့ပေးပို့မှုကို ဟာလန်းက အပိုင်ပိတ်သွင်းယူခဲ့တာကြောင့် မန်စီးတီးအ သင်းဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။

ဟာလန်းဟာဒီဂိုးသွင်းယူနိုင်ခဲ့တာကြောင့် တစ်ရာသီအတွင်း နှစ်သစ်မရောက်ခင် ကစားသမားတစ်ဦးတည်းက ဂိုးအများဆုံး(၂၁ ဂိုး) သွင်းယူနိုင်သူအဖြစ် စံချိန်သစ်တင် သွားခဲ့ပါတယ်။ ပွဲချိန် ၂၉ မိနစ်မှာတတော့ ဝုဖ်အသင်းကစားသမားအိုနာနာကို ဖြတ် ထုတ်မှုကြမ်းခဲ့တာကြောင့် မန်စီးတီးကစားသမားဒီဘရိုင်းမှာအဝါကတ်အပြခံခဲ့ရပါတယ်။

မန်စီးတီးအသင်းကတော့ ဂိုးထပ်မံရဖို့အတွက် ဖိအားပေးကစားခဲ့ပါတယ်။ ပွဲချိန် ၄၃ မိနစ်မှာတော့ ဟာလန်းဟာ ဝုဖ်အသင်းကစားသမားကို ကြမ်းတမ်းစွာဘောလုံးဖြတ်ထုတ်ခဲ့တာကြောင့် အဝါကတ်အပြခံခဲ့ရပါတယ်။ အဲဒီလိုနဲ့ ပထမပိုင်းမှာတော့ ၁-၀ ဂိုးနဲ့သာပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးဟာ ကစားသမားအပြောင်းအလဲပြုလုပ်ခြင်းမရှိဘဲ ဆက်လက်ကစားခဲ့ကြ ပါတယ်။ မန်စီးတီးအသင်းကလည်း ဂိုးထပ်ရဖို့အတွက်အပြင်းအထန်ကြိုးစားခဲ့သလို အဲဗာတန်အသင်းက လည်း ချေပဂိုးရဖို့အတွက် တန်ပြန်တိုက်စစ်ဆင်ကာကစားခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ အဲဗာတန်အသင်းဟာ ချေပဂိုးရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ အဲဗာတန်အသင်းကစားသမား ဂရေးကကွင်းလယ်လောက်ကနေ ဘောလုံးကိုဆွဲပြေးကာ ဂိုးပေါက်ထဲ ကန် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

၁-၁ ဂိုးနဲ့သရေကျပြီးတဲ့နောက်ပွဲကပိုပြီးမြိုင်လာပြီး နှစ်သင်းစလုံးကအပြန်အလှန်တိုက်စစ်ဆင်ကစားလာ ခဲ့ကြတယ်။ မန်စီးတီးအသင်းရဲ့တိုက်စစ်ဆင်ကစားမှုတွေကပိုမိုပြင်းထန်လာခဲ့သလို အဲဗာတန်အသင်းရဲ့ တန် ပြန်တိုက်စစ်တွေကလည်း မန်စီးတီးအသင်းဂိုးနားကို ဝဲနေခဲ့ပါတယ်။

ဒုတိယပိုင်းနာကျင်အချိန်ပိုကိုတော့ ၁၁ မိနစ်အထိပေးခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ မန်စီးတီးအသင်းဟာ ဂိုးရဖို့အတွက် ဆက်တိုက်ဆိုသလို ဖိအား ပေးကစားခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးမှာတော့ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာတာ့ အဲဗာတန်အသင်းကို ၁-၁ ဂိုးနဲ့သာ သရေကစားနိုင်ခဲ့ပါတယ်။