ယမန်​နေ့ညပိုင်း၊ မန်စီးတီးအသင်းရဲ့သရေပွဲက အာဆင်နယ်အတွက် အပိုစိတ်ခွန်အားပေးစွမ်းနိုင်ခဲ့တယ်လို့ ဂန်းနားတိုက်စစ်မှူးဆာကာရဲ့အဆိုအရ သိရပါတယ်။

အာဆင်နယ်နဲ့ အင်္ဂလန်ကြယ်ပွင့်က စနေနေ့အစောပိုင်း မန်စီးတီးနဲ့ အဲဗာတန်တို့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်ရလဒ်ပိုင်းဟာ မြောက်လန်ဒန်ကလပ်အတွက် လိုအပ်နေတဲ့ စိတ်ခွန်အားတွေနဲ့ပြိုင်ဘက်ဘရိုက်တန်ကိုအနိုင်ရရှိရေးအတွက် လှုံ့ဆော်ပေးခဲ့တယ်လို့ ဆိုလိုက်တာပါ။

နှစ်သစ်ကူးကာလမှာ ရမှတ် ၇မှတ်နဲ့အထက်ဖြတ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းက ရာသီကုန်အမှတ်ပေးဖလားကို လက်လွှတ်ရတာမျိုး မရှိခဲ့ပါဘူး။

မနေ့ညပိုင်း၊ ဘရိုက်တန်ကို အဝေးကွင်းမှာ ၄-၂ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ အာဆင်နယ်ကလည်း အခုလိုစွမ်းဆောင်ရည်မျိုးကို ပြသထားပါတယ်။

ပွဲစဉ်အပြီး BBC နဲ့ တွေ့ဆုံချိန် ဆာကာက “ကျွန်တော်တို့ကတော့ ကိုယ့်အသင်းကိုပဲ အာရုံစိုက်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ဒီရလဒ်ပိုင်းကို ကြားသိရချိန်မှာ ကျွန်တော်တို့အတွက် ဒီနေ့ပွဲစဉ်မှာ ရလဒ်ကောင်းရရှိနိုင်ရေး အပိုစိတ်ခွန်အားတွေကို ပေးစွမ်းခဲ့ပါတယ်” လို့ ပြောပါတယ်။

အာဆင်နယ်အနေနဲ့ အခုရာသီကုန်မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ရာသီသိမ်းနိုင်မယ်ဆိုရင် ၂၀၀၃-၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်အသင်းဟာ လာမယ့် ဇန်နဝါရီ ၃ ရက်မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။