ယူနိုက်တက်နောက်ခံလူဟောင်း မက်ဂွါရီက တန်ဟတ်လက်အောက်မှာ နေရာမရဖြစ်နေတဲ့ မက်ဂွါရီကို အသင်းပြောင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်သားဟာ ဒီရာသီယူနိုက်တက်အတွက် ၃ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားကာ နော်တင်ဟမ်ဖောရက်စ်ကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ၁၃ မိနစ်သာ ပါဝင်ကစားခွင့်ရရှိထားပါတယ်။

အင်္ဂလန်အသင်းမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပေမယ့်လည်း မက်ဂွါရီတစ်ယောက် ယူနိုက်တက်မှာတော့ နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဘီတီစပေါ့တ်နဲ့အင်တာဗျူးမှာ ဖာဒီနန်က “လင်ဒီလော့ဖ် နဲ့ မက်ဂွါရီတို့ကို အရန်ခုံမှာမြင်ရတာ မကောင်းပါဘူး။ အဲ့တာက တန်ဟတ်တစ်ယောက် သူတို့ ၂ ယောက်နဲ့ပတ်သက်ပြီး ဘာတွေးနေလဲဆိုတာကို ပြသနေပါတယ်။

ကျွန်တော်သာ မက်ဂွါရီဆိုရင် အခုချိန်မှာ အသင်းသစ်တသင်းရှာဖွေမှာပါ။ သူက အင်္ဂလန်အတွက် အရေးပါပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာတော့ နေရာမရဖြစ်နေပါတယ်။

တန်ဟတ်က သူ့ကိုထိပ်တန်းနောက်ခံလူလို့ မထင်ပါဘူး။ ကျွန်တော်ပြောချင်တာကတော့ မက်ဂွါရီအနေနဲ့ ပုံမှန်ကစားခွင့်ရမယ့်အသင်းတသင်းရှာဖွေသင့်နေပါပြီ”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်သားဟာ ဝုဗ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အရန်ခုံထိုင်ခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၉ နှစ်သားဟာ ဆိုးလ်ရှား နဲ့ ရန်နစ်လက်အောက်မှာတုန်းက အဓိကနောက်ခံလူဖြစ်ခဲ့ပြီး လိဂ်ပွဲ ၂၈ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားမှာ မက်ဂွါရီတစ်ယောက် အင်္ဂလန်အတွက် မိနစ်တိုင်းပါဝင်ခွင့်ရရှိထားကာ အင်္ဂလန်က ကွာတားဖိုင်နယ်ကနေပဲ ထွက်ခဲ့ရပါတယ်။