သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ မိုနာကိုနောက်ခံလူ ဘာဒိုင်းရှီလီကို ပေါင် ၃၃ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ အသက် ၂၁ နှစ်သားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားခဲ့ပြီဖြစ်ကာ ကာလရှည်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ နွေရာသီကတည်းက ဘယ်နောက်ခံကစားသမားကို စောင့်ကြည့်ခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ်နောက်ခံလူ ဂါဗာဒီအိုကို မတတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အက်သလက်တစ်သတင်းဌာနကတော့ ချဲလ်ဆီးအနေနဲ့ ဘာဒိုင်းရှီလီကို ဇန်နဝါရီမှာ ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာဒိုင်းရှီလီဟာ မိုနာကိုလူငယ်အသင်းကနေ စီနီယာအသင်းထံ တက်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၅ ရာသီအတွင်း အသင်းအတွက် ၁၃၅ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။

ချဲလ်ဆီးနောက်တန်းမှာ ဘာဒိုင်းရှီလီအနေနဲ့ သီယာဂိုဆေးလ်ဗား ၊ ကူလီဘာလေ ၊ ဖိုဖာနာ ၊ ချာလိုဘက်တို့နဲ့ အားပြိုင်ရဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ရူဒီဂါ နဲ့ ခရစ္စတီယန်ဆန်တို့ကို လက်လွှတ်ခဲ့ရပြီးနောက် နောက်တန်းနေရာကို အားဖြည့်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်တန်းမှာ ၄ ယောက် ဒါမှမဟုတ် ၃ ယောက်တန်းခံစစ်ကို ပြောင်းလဲကစားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဘာဒိုင်းရှီလီကို ပြီးခဲ့တဲ့နှစ်တုန်းက နယူးကာဆယ်အသင်းက ကမ်းလှမ်းခဲ့သေးတာဖြစ်ပြီး အခုတော့ ပြင်သစ်သားကို ဝက်စ်ဟမ်း နဲ့ ဆီဗီလာတို့ကလည်း ပစ်မှတ်ထားနေပါတယ်။

ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်နောက်ခံလူ ဂါဗာဒီအိုကိုလည်း ပစ်မှတ်ထားနေဆဲဖြစ်တယ်လို့ သိရပါတယ်။