မန်စီးတီးအသင်းရဲ့ နည်းပြ ဖြစ်သူ ပတ်ဂွာဒီယိုလာဟာ အဲဗာတန်ကို သရေကျခဲ့တဲ့ ပွဲစဉ်အပြီး မန်စီးတီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ စာရွက်တစ်ရွက်မျှသာ ဖြစ်တယ်ဆိုပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သို့လော သိူ့လော စကားတွေကို ပြောကြား သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ မန်စီးတီးနဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်မှာ မန်စီးတီးတို့ဟာ အဲဗာတန်ကို ဟာလန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခွင့်ရပေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ တစ်ဖက် တစ်ဂိုးစီနဲ့ သာ သရေကျကခဲ့ပြီး အမှတ်ဆုံးရှုံး သွားခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးတို့က သရေကျခဲ့ပေမဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာက အာဆင်နယ်တို့က ဘရိုက်တန်ကို အဝေးကွင်းမှာ (၄-၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးကို (၇)မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို ရလဒ်တွေ ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ ဂွာဒီယိုလာဟာ မန်စီးတီး နည်းပြဘ၀ ပထမဆုံး အကြိမ်အဖြစ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုပါ ရင်ဆိုင်ရလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ဇင်ချန်ကိုနဲ့ ဂျီးဆပ်တို့ကို အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခွင့်ပြုခဲ့တဲ့ ဂွာဒီယိုလာရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ပရိသတ်တွေက မီးမောင်းထိုးထောက်ပြ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂျီးဆပ်နဲ့ ဇင်ချန်ကိုတို့ဟာ ဒီရာသီ အာဆင်နယ် မှာ ခြေစွမ်းပြလျက် ရှိနေပြီး အဓိက ကစားသမားတွေ အဖြစ် အသင်းမှာ ပါဝင်လျက် ရှိနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ မန်စီးတီးတို့ဟာ အာဆင်နယ်ထက် (၇)မှတ်လျှော့နည်းသွားမှုနဲ့ အတူ ဂွာဒီယိုလာတစ်ယောက် ဖိအားတွေကို အောက်စတင်ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်လို့ ဆိုရတော့မှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကမှ မန်စီးတီးနဲ့ (၂၀၂၅)နှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပြီး အင်္ဂလန်မှာ အချိန်အတော်ကြာဆက်ရှိနေဖို့ ဂွာဒီယိုလာတစ်ယောက် ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလိုမျိုး အခြေအနေတွေ ဖြစ်ပေါ်လာပြီးတဲ့နောက် ပတ်ဂွာဒီယိုလာထံကနေ အဲဗာတန်နဲ့ ပွဲအပြီး ထွက်ကျလာတဲ့ စကားအချို့ဟာ ပရိသတ်တွေ အတွက် တော့ စိုးရိမ်စရာ ဖြစ်လာစေခဲ့ပြီပဲ ဖြစ်ပါတယ်။

ပတ်ဂွာဒီယိုလာက ” တစ်စုံတရာ မှားယွင်းနေပြီလို့ ခံစားရတဲ့ အခိုက်အတန့်မှာ ကျွန်တော့် အနေနဲ့ နုတ်ထွက်တာမျိုး လုပ်သွားမှာပါ၊ ဒါမှမဟုတ်အသင်းနဲ့ စာချုပ်သစ် ထပ်ချုပ်တာမျိုး လုပ်မှာ မဟုတ်တော့ပါဘူး၊

ကျွန်တော့် အနေနဲ့ ဖာဂူဆန်၊ ဝင်းဂါးတို့လို အကြာကြီး နေသွားမှာ မဟုတ်ပါဘူး၊ စာချုပ်ဆိုတာကလည်း စာရွက်လေးတရွက်မျှသာပါပဲ၊ ကျွန်တော်က ကလပ်ကို ကျွန်တော့်ရဲ့ ဦးဆောင်မှုအောက်မှာ တိုးတက်အောင်လုပ်နိုင်သေးတယ်လို့ ခံစားမိလို့ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ၊

အဆုံးမှာတော့ အားလုံးက ရလဒ်တွေကြောင့်ပါပဲ၊ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ငြီးငွေ့လာကြပြီဆိုရင် ကျွန်တော့် စာချုပ် ကုန်ဆုံး တဲ့ အထိ ဒီအသင်းမှာ နေသွားမှာ မဟုတ်ပါဘူး ” လို့ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးတို့ဟာ ဂွာဒီယိုလာလက်အောက်မှာ ပွောငျပွေောငျယောငျယောငျ ရှိလာတဲ့ အသင်းဖြစ်ပြီး တော့ တကယ့်လို့သာ ဂွာဒီယိုလာသာ အသင်းကနေ ထွက်ခွာ သွားခဲ့မယ်ဆိုရင်တော့ မန်စီးတီးရဲ့ အနာဂတ်က စိတ်ဝင်စားစရာ ကောင်းလာမှာပဲ ဖြစ်ပါတယ်။