ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ယူနိုက်တက်ဟာ အာဆင်နယ်နှင့် ချဲလ်ဆီးအသင်းတို့ရဲ့ တိုကျစဈမှုးဟောငျးဖွစသျူ ဂျီရော့ဒ်ကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ ပြင်ဆင်နိုင်နေတာဖြစ်ပါတယ်။

အသင်းရဲ့တိုက်စစ်မှာ ကာလတို အင်အားဖြည့်ဖို့အတွက် တန်ဟက်ဟာ အေစီမီလန်တိုက်စစ်မှုကို စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

တိုက်စစ်မှုးရဲ့ ဆန်စီရိုရှိစာချုပ်က သက်တမ်း ကုန်တော့မှာဖြစ်ပြီး အောင်မြင်မှုများရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်သို့ ပြန်လာနိုင်နေတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်နွေရာသီတွင် မီလန်သို့ မပြောင်းရွှေ့မီ အင်္ဂလန်တွင်ရှိခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း ၃၇၂ ပွဲကစားကာ ၁၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ကစားသမားရဲ့ အောင်မြင်မှုက အီတလီရှိပထမဆုံးရာသီမှာပင် ခရီးဆက်နိုင်ခဲ့ပြီး ပီအိုလီရဲ့အသင်းကို စီးရီးအေဆုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာအဆင့်မှာလည်း သူ့ရဲ့ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု စွမ်းရည်က ကျဆင်းသွားခြင်းမရှိဘဲ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားကို ပြင်သစ်နှင့်အတူ ရရှိခဲ့ကာ ကာတာကမ္ဘာ့ဖလားတွင်လည်း ဂိုးတွေ သွင်းယူကာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၂၀ ကစားပြီး ၅၃ ဂိုး သွင်းယူကာ လက်ရွေးစင်အသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ တန်ဟက်ဟာ အိုးထရက်ဖို့ဒ်ထံ ဂျီရော့ဒ်ရဲ့ ဂိုသွင်း အတွေ့အကြုံတွေကို ယူဆောင်လိုနေတာဖြစ်ပါတယ်။ နိုဝင်ဘာလတွင် ရော်နယ်ဒိုထွက်ခွာသွားပြီးနောက် ကလပ်ဟာ ရေတိုဖြေရှင်းမှုအနေနဲ့ ဂျီရော့ဒ်ကို စိတ်ဝင်စားနေပါတယ်လို့ The Times က ဖော်ပြထားပါတယ်။

၂၀၂၃ခုနှစ်ရဲ့ ပထမဆုံး ၃ လပတ်တွင် ဂလေဇာက အသင်းကိုရောင်းချဖို့ စီစဉ်နေတာဖြစ်သလို လက်ရှိလမှာလည်း ယူနိုက်တက်ဟာ တိုက်စစ်မှုးတစ်ဦးကို အငှား ဒါမှမဟုတ် ဈေးပေါပေါဖြင့်သာ ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၂၂-၂၃ ရဲ့ လက်ကျန်ရာသီပွဲစဉ်တွေမှာ ဂျီရော့ဒ်ဟာ တိုက်စစ်တာဝန်တွေကို မာရှယ်နဲ့အတူ ခွဲတွေတာဝန်ယူဖို့ သတင်းတွေထွက်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိစာချုပ် မကုန်ဆုံးမီ ကစားသမားအနေနဲ့ မီလန်ရဲ့ စာချုပ်အသစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို မျှော်လင့်နေတယ်လို့ သိရှိရပါတယ်။

အသင်းရဲ့ ချန်ပီယံလိဂ်အနေအထား၊ လက်ရှိအချိန်အထိ သူ့ရဲ့ အီတလီတွင် အောင်မြင်မှုတွေကြောင့် ကစားသမားဟာ အီတလီမှာသာ ဆက်နေလိုတာဖြစ်ပါတယ်။

မီလန်အတွက် ကစားပေးထားတဲ့ ၅၇ ပွဲတွင် ဂီရော့ဒ်ဟာ ၂၃ ဂိုး သွင်းယူပေးထားပြီး ၉ ဂိုးအထိ ဖန်တီးပေးထားကာ ကစားသမားဘဝ နေဝင်ချိန်ရောက်နေသော်လည်း ခြေစွမ်းပိုင်းမှာ မကျဆင်းသေးတာကို ပြသထားတာဖြစ်ပါတယ်။

ယူနိုက်တက်က ပရိသတ်တော်တော်များများကတော့ ရေတိုဖြေရှင်းမှုအဖြစ် ဝါရင့်တိုက်စစ်မှုးကြီးကို မခေါ်ယူစေချင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာရောက်ရှိလာတဲ့ ကာဗာနီ၊ ရော်နယ်ဒိုတို့ဟာ သူတို့ရောက်ရှိလာတဲ့ ပထမဆုံးရာသီမှာ အောင်မြင်မှုတွေရရှိခဲ့သော်လည်း ဒုတိယရာသီရောက်တဲ့အချိန်မှာတော့ အသင်းအတွက် ပြဿနာဖြစ်စေခဲ့သူတွေဖြစ်ပါတယ်။

အိုင်ဟာလိုရဲ့ ရောက်ရှိလာမှုတုန်းကလည်း အားလုံးက ထိန့်လန့်ခဲ့ရကာ ကစားသမားရဲ့ ယူနိုက်တက် ပရိသတ်ဖြစ်တယ်လို့ ဝန်ခံပြောဆိုမှုကြောင့်သာ နာမည်ကျော်ခဲ့တာဖြစ်ပါတယ်။

တန်ဟက် အနေနဲ့ အသင်းကိုပြန်လည်တည်ဆောက်ရာတွင် တိုက်စစ်ပိုင်းကို ရေရှည်ဦးဆောင်နိုင်မယ့် တိုက်စစ်မှုးကိုသာ လိုအပ်နေတာဖြစ်ပါတယ်။ သို့သော်လည်း တိုက်စစ်မှုးရွေးချယ်မှုတွင် ကန့်သတ်ချက်တွေရှိနေတာကြောင့် ဂျီရော့ဒ်ကို ရွေးချယ်တာကလည်း အံ့ဩဖွယ်ရာတော့မရှိပါဘူး။