စကော့တလန်လက်ရွေးစင်ကွင်းလယ်လူ တိုမီနေးကို ခေါ်ယူဖို့ လိဂ်တူပြိုင်ဘက်နယူးကာဆယ်က ကြိုးပမ်းလာပြီးနောက် မန်ချက်စတာယူနိုက်တက်က သူတို့ရဲ့ကွင်းလယ်လူကို ဆက်ထိန်းသွားမှာဖြစ်တယ်လို့ အတည်ပြုပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုမီနေးက ယူနိုက်တက်အတွက် ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ အဲရစ်ဆင်နဲ့ ကတ်စ်မဲရိုးတို့ အိုးထရက်ဖို့ဒ်မြေဆီ ရောက်ရှိလာပြီးနောက် တိုမီနေးရဲ့ပွဲကစားချိန်တွေ ကန့်သတ်ခံခဲ့ရပါတယ်။

တိုမီနေးဟာ ပွဲကစားချိန်နည်းပါးနေပေမယ့် ယူနိုက်တက်အတွက် အားထားရတဲ့ကစားသမားတစ်ဦး ဖြစ်နေဆဲပါ။ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း သူ့ကိုလက်လွှတ်ရခြင်းမှာ အသင်းအတွက် ဆိုးကျိုးတွေ သက်ရောက်စေမယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။

လတ်တလောကာလတွေမှာ နယူးကာဆယ်က စကော့တလန်လက်ရွေးစင်ရဲ့ ခြေစွမ်းအပေါ် စိတ်ဝင်စားလာပေမယ့် မန်ချက်စတာယူနိုက်တက်ကတော့ သူတို့ရဲ့ကွင်းလယ်လူကို အခုအပြောင်းအရွှေ့ဈေးကွက်မှာ ဆက်ထိန်းထားလိုကြောင်း ပြောဆိုခဲ့တယ်လို့ Daily Mail သတင်းဌာနရဲ့ နာမည်ကျော်သတင်းထောက် ခရိတ်ဟုတ်က ဆိုပါတယ်။

နယူးကာဆယ်က အခုဇန်နဝါရီအပြောင်းအရွှေ့မှာ ငွေလုံးငွေရင်းကြီးကြီးမားမားသုံးစွဲဖို့ မရှိဘူးဆိုတာ တော်မီနေးအပေါ် စိတ်ဝင်စားမှုက သက်သေပြနေပါတယ်။ တော်မီနေးက ပရီးမီးယားလိဂ်မှာ နည်းစနစ်ပိုင်းအကောင်းဆုံး ကစားသမားတွေမှာ ပါဝင်မှုမရှိပေမယ့် အလုပ်ကြိုးစားပြီး ယုံကြည်စိတ်ချရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ဆော်ဒီပိုင်ရှင်တွေရဲ့အုပ်ချုပ်မှုအောက်ရောက်ရှိခဲ့ပြီးနောက် နယူးကာဆယ်က ဒန်ဘန်း၊ ထရစ်ပီယာတို့လို စံပြကိုယ်ရည်ကိုယ်သွေးနဲ့ အတွေ့အကြုံရှိကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။