ညက ယှဉ်ပြိုင်ကစား သွားခဲ့ကြတဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်ကတော့ မန်စီးတီးတို့ဟာ မာရက်ရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ စတမ်းဖို့ဘရစ်ချ်မှာ အနိုင်ရရှိသွားခဲ့ပြီး အဆင့် (၁)နေရာက အာဆင်နယ်နဲ့ အမှတ်ကွာဟမှုကို လျှော့ချ သွားနိုင်ခဲ့ပါတယ်။

မန်စီးတီး အတွက် တစ်လုံးထဲသော အနိုင်ဂိုးကိုတော့ ပွဲကစားချိန် (၆၃) မိနစ်မှာ မာရက်က သွင်းယူပေးသွားခဲ့တာ ဖြစ်ပြီးတော့ ဂရီလစ်ကနေ ဖန်တီးပေးသွားခဲ့တာလည်းပဲ ဖြစ်ပါတယ်။

မန်စီးတီးဟာ ခြေစွမ်းအကောင်းစားကြီးမဟုတ်ပေမဲ့ ချဲလ်ဆီးကို အနိုင်ရရှိဖို့ အတွက်တော့ လုံလောက်ခဲ့ပြီး ချဲလ်ဆီးကတော့ ဂရေဟမ်ပေးတာလက်ထက် နိုင်ပွဲတွေ ဆက်တိုက်ဆိုသလို ပျောက်ဆုံးနေခဲ့ရတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ စတာလင်းတစ်ယောက် ပွဲကစားချိန် (၅)မိနစ်မှာတင် ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အူဘာမီယန်က စတာလင်းနေရာမှာ လူစားဝင်ရောက်ကစားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ ဘာစီလိုနာနဲ့ အာဆင်နယ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အူဘာမီယန်ရဲ့ ခြေစွမ်းက ပွဲချိန်အတွင်း စိတ်ပျက်စရာ ကောင်းလောက်အောင် ဆိုးရွားလွန်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ ပွဲကစားချိန် (၆၈)မိနစ်မှာတော့ လူစားပြန်လဲခံခဲ့ရပြီး အသင်းပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကိုလည်းပဲ ကြုံတွေ့ သွားခဲ့ရတာပဲ ဖြစ်ပါတယ်။

အူဘာမီယန်တစ်ယောက် ပွဲကစားချိန်အတွင်း ဘောလုံးထိချက် (၁၄)ကြိမ်သာလျင် ရှိခဲ့ပြီးတော့ ပြိုင်ဘက်ဧရိယာအတွင်း ဝင်ရောက်နိုင်မှုကလည်း (၁)ကြိမ်သာလျှင် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးပေးပို့မှုကလည်း (၁၀)ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်အတွင်း ပြိုင်ဘက် ဂိုးပေါက်ကို ဂိုးကန်သွင်းမှု တစ်ကြိမ်မှ ပြုလုပ်နိုင်ခဲ့ခြင်းမရှိပဲ တော်တော်လေးကို စိတ်ပျက်စရာ ကောင်းတဲ့ ခြေစွမ်းတွေကို ပြသ သွားခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ အူဘာမီယန်ကို အန္တာရာယ်ရှိတဲ့ ကစားသမားအဖြစ် အဓိပ္ပာယ်သက်မှတ်ခဲ့ပြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ပရိသတ်တစ်ဦးကဆိုရင် ” အူဘာမီယန်က ဝင်လာတယ်၊ ပြီးတော့ သူ့ရဲ့ စိတ်ပျက်စရာ ခြေစွမ်းတွေကို ပြတယ်၊ ပြီးတော့ ပြန်လူစားလဲခံလိုက်ရတယ် ” လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း ” အူဘာမီယန်က အန္တာရာယ်ရှိပေမဲ့ အဲ့ဒါက အသင်းအတွက်ပဲ ” လို့ ပြောဆိုသွားခဲ့တာပါ။

တတိယမြောက် ပရိသတ်တစ်ဦးကလည်း ‘ အူဘာမီယန်က အန္တာရယ်ရှိပါတယ်၊ ဂိုးလိုချင်တယ်ဆိုရင်တော့ သူ့ကို ထုတ်လိုက်ပါ ” ဆိုပြီး မှတ်ချက်ပေးသွားခဲ့ပါတယ်။

အူဘာမီယန်ကို အာဆင်နယ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ပြီး (၆)လအကြာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ချဲလ်ဆီးတို့က ပြောင်းရွှေ့ကြေး ပေါင် (၁၀.၃)သန်းနဲ့ ပြန်လည်ခေါ်ယူ သွားခဲ့တာပဲ ဖြစ်ပါတယ်။

အင်တာမီလန်ဆီ အငှားနဲ့ ထွက်ခွာသွားတဲ့ လူကာကူရဲ့နေရာမှာ အစားထိုးဖို့ အတွက် ခေါ်ယူခဲ့တာ ဖြစ်ပေမဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး(၁)ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ရဲ့ ခေါ်ယူမှုဟာ ကျရှုံးသွားခဲ့ရတယ်လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာလည်း ချဲလ်ဆီးတို့ဟာ အက်အေဖလား ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ထပ်မံရင်ဆိုင်သွားရဦးမှာ ဖြစ်တဲ့ အတွက် ရလဒ်ကောင်းတွေ ရဖို့ နောက်ထပ် ရုန်းကန်ရဦးမယ့် အခြေအနေမှာ ရှိနေတာပဲ ဖြစ်ပါတယ်။