ဒီနေ့ည (၂)နာရီခွဲ အချိန်မှာတော့ မန်ယူနိုက်တက်နဲ့ အဲဗာတန်တို့ဟာ အက်ဖ်အေဖလား တတိယ အဆင့် ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ် ကွင်းကြီးးထဲမှာ ရင်ဆိုင်ကစားသွားကြဦးမှာ ဖြစ်ပါတယ်။

နိုင်ပွဲတွေ ဆက်နေတဲ့ မန်ယူနိုက်တက်နဲ့ ရလဒ်တွေ တောက်လျှောက်ဆိုးနေတဲ့ အဲဗာတန်တို့ရဲ့ တွေ့ဆုံမှုဟာ စိတ်ဝင်စားစရာတော့ ကောင်းနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဗာတန် နည်းပြ လမ်းပတ်အတွက်လည်း ဒီပွဲစဉ်ဟာ အနာဂတ်အတွက် အများကြီး သက်ဆိုင်နေတာ ဖြစ်ပါတယ်။

လက်ရှိ မန်ယူနိုက်တက်ရဲ့ မန်ယူနိုက်တက်တို့ဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၆)ပွဲလုံး အနိုင်ရရှိထားခဲ့ပြီးတော ပေးဂိုးကလည်း (၃)ဂိုးသာ ရှိထားခဲ့တာ ဖြစ်ပါတယ်။

တန်ဟတ်လက်ထက် ပုံစံကောင်းတွေ တောက်လျှောက်ပြနေတဲ့ အသင်းဖြစ်ပြီးတော့ ရှေ့လယ်နောက် နေရာစုံမှာ တိုးတက်လျက် ရှိနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားတွေရဲ့ ယုံကြည်မှုကလည်း အမြင့်ဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။

အဲဗာတန်တို့ကတော့ မန်ယူနိုက်တက်နဲ့ ပြောင်းပြန် ဖြစ်ပြီး ပြိုင်ပွဲစုံ နောက်ဆုံး (၇)ပွဲမှာ နိုင်ပွဲ တစ်ပွဲမှ မရှိခဲ့ပဲ (၅)ပွဲ အထိရှုံးနိမ့်ထားခဲ့ကာ (၂) ပွဲ သရေကျထားခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဖြစ်သူ လမ်းပတ်ရဲ့ အနာဂတ်ဟာလည်း စတင်လှုပ်ခတ်လျက် ရှိလာနေခဲ့ပြီဖြစ်ပြီးတော့ ဒီနေ့ည ပွဲစဉ်မှာသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် လာမယ့်အပတ်ထဲ နည်းပြအပြောင်းအလဲ ဖြစ်လာဖို့တောင် ရှိနေတာပဲ ဖြစ်ပါတယ်။

နှစ်သင်းထိပ်တိုက် တွေ့ဆုံမှုကို ကြည့်မယ်ဆိုရင်တော့ မန်ယူနိုက်တက် အနေနဲ့ အဲဗာတန်ကို ပြတ်ပြတ်သားသား အသာရနေတာမျိုးတော့မရှိပဲ အစဉ်အလာအရ အဲဗာတန်ဟာ မန်ယူနိုက်တက် အတွက် အဆိုးဆုံးအခြေအနေတွေမှာတောင် ပြိုင်ဘက်ကောင်း ဖြစ်နေခဲ့တာမျိုးပါ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မန်ယူနိုက်တက်ဘက်မှာ တန်ဟတ်ရှိနေပြီး ပွဲတပွဲကို ဘယ်လို အနိုင်ယုရမလဲဆိုတာ သိတဲ့ နည်းစနစ်ပိုင်းဆရာကြီး ရှိနေပါတယ်။ တန်ဟတ်အနေနဲ့ မန်ယူနိုက်တက်နဲ့ ပထမဆုံးရာသီမှာ ဖလားတစ်လုံးလောက်တော့ အရယူဖို့ ပစ်မှတ်ထားလျက် ရှိနေတာလည်းပဲ ဖြစ်ပါတယ်။

ဆိုတော့ ဒီပွဲစဉ်မှာ မန်ယူနိုက်တက်တို့ဟာ အရန်ကစားသမားတွေနဲ့ ပွဲထွက်လာဖို့ ရှိနေတယ်ဆိုရင်တောင်မှ အဲဗာတန်ကို အနိုင်ယူသွားနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ အဲဗာတန်ကလည်း ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ ဒီပွဲစဉ်မှာ ရေကုန်ခေမ်း ကစားလာဖို့ ရှိနေတာ ဖြစ်ပါတယ်။

နှစ်သင်းလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားကြဖို့ ရှိနေပြီး မန်ယူနိုက်တက်တို့ အနေနဲ့ အရန်ကစားသမား အများစုနဲ့ ပွဲထွက်လာမယ့် အခြေအနေကြောင့် အနိုင်ရခဲ့မယ်ဆိုရင်တောင် ဂိုးပြတ်ဖို့တော့ မရှိဘူးလို့ ဆိုရမှာပါ။

အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲတစ်ပွဲကို ကျဉ်းမြောင်းတဲ့ ရလဒ်တစ်ခုနဲ့ ပုံဖော်သွားနိုင်ဖို့ ရှိနေပြီးတော့ နောက်တဆင့်ဆီကို မန်ယူနိုက်တက်တို့ တက်လှမ်းသွားမှာပဲ ဖြစ်ပါတယ်။ ပွဲကစားချိန်ကတော့ ဒီနေ့ည (၂)နာရီခွဲပဲ ဖြစ်ပါတယ်။