ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘရက်ဖို့ဒ်အသင်းဟာ မန်ယူနိုက်တက်ရဲ့ ဂန္ဓဝင်ကစားသမားကြီး ဒေးဗစ်ဘတ်ခမ်းရဲ့ သားဖြစ်သူ ရိုမီရို ဘတ်ခမ်းကို (၆)လအငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

အသက်(၂၀)သာ ရှိသေးတဲ့ ရိုမီယို ဘတ်ခမ်းဟာ ဖခင် ဖြစ်သူ ဘတ်ခမ်းပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အင်တာမိုင်ယာမီမှာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသခဲ့တဲ့ သူပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ ဘရက်ဖို့ဒ်အသင်းခေါ်ယူဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပြီး ဘရက်ဖို့ဒ်လူငယ်အသင်းမှာ လအတော်ကြာအောင် ရိုမီယိုဟာ လေ့ကျင့်ခန်းတွေ ပြုလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။

(၂၀၂၁) ဘောလုံးရာသီမှာ ရိုမီယိုဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရိုမီယိုဟာသူ့ရဲ့ ပထမဆုံး ပွဲဦးထွက် ဘောလုံးရာသီမှာ သွင်းဂိုး (၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၀)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပရော်ဖက်ရှင် ကစားသမားဘ၀ တောက်ပတဲ့ စတင်မှုတွေ ရှိခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် ကလပ် ဘရက်ဖို့ဒ်က လူငယ်ကြယ်ပွင့်လေးကို ခေါ်ယူဖို့ မျက်စိကျနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်းပဲ (၆)လစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘရက်ဖို့ဒ်က (၂၀၂၂-၂၃)ဘောလုံးရာသီကုန်အထိ မိုင်ယာမီအသင်းမှ ရိုမီယိုကို ခေါ်ယူနိုင်ခဲ့ခြင်းကို ကြေညာရတာ အရမ်းကောင်းပါတယ်၊ အသက်(၂၀)အရွယ် ရိုမီယိုဟာမေဂျာလိဂ်ကလပ်မှာ ယာယီပြောင်းလဲမှုတွေကြောင့် သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် လူငယ်အသင်းမှာပဲ ရှိနေပါလိမ့်မယ် လို့ ဘရက်ဖို့ဒ်ရဲ့ ဝတ်ဆိုက်ကနေ ထုတ်ပြန်သွားခဲ့ပါတယ်။

ရိုမီယိုဟာ အာဆင်နယ် အကယ်ဒမီမှာလည်း (၂၀၁၄)ခုနှစ်အထိ လေ့ကျင့်ခန်းတွေ ဆင်းခဲ့သေးတာ ဖြစ်ပြီးတော့ အဲ့ဒီနောက် ဘရက်ဖို့ဒ် လူငယ်အသင်းမှာလည်း အချိန်အတော်ကြာ လေ့ကျင့်ခန်းတွေ ဆင်းနေခဲ့တာ ဖြစ်ကြောင်း အတည်ပြု သွားခဲ့ပါတယ်။

ဘရက်ဖို့ဒ် ဘီ အသင်းရဲ့ နည်းပြ ဖြစ်သူ မတ်ဖာလန်းက လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ရိုမီယိုရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကတော့ သူဒီကိုရောက်လာကတည်းက သူနဲ့ ပတ်သက်ပြီး ကျေနပ်ရပါတယ်၊

အင်တာမိုင်ယာမီကနေပြီးတော့ ရည်ရွယ်တွေနဲ့ ကျွန်တော်တို့ဆီကိုလာခဲ့ပါတယ်၊ ရိုမီယိုက မယုံနိုင်စရာကောင်းလောက်အောင် သူကိုယျူ အသုံးချနိုင်ပါတယ်၊ အသင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ၊

ကျွန်တော်ကတော့ သူ့ရဲ့ စံနှုန်းတွေနဲ့ သူ့ရဲ့ ကွင်းတွင်းလုပ်ဆောင်ချက်တွေကို သဘောကျပါတယ်၊ ကျွန်တော်တို့နဲ့ ရှိနေတဲ့ အချိန်မှာ အံဝင်ခွင်ကျဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးတော့ အငှားနဲ့ ကျွန်တော့်ဆီကို ပြောင်းပြီး တဆင့်တက်နိုင်ခဲ့ပါတယ် လို့ ပြောကြား သွားခဲ့ပါတယ်။

ဘရက်ဖို့ဒ်တို့ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်မှာ အဆင့် (၉)နေရာမှာ ရပ်တည်လျက် ရှိနေတာ ဖြစ်ပြီးဒီရာသီ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။

ဘတ်ခမ်းရဲ့ သားဖြစ်သူ ရိုမီယို အနေနဲ့ကတော့ ဥရောပမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစဖို့အခွင့်အလမ်းတစ်ခု ရရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ဖခင်ရဲ့ ခြေရာကို နင်းသွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။