ပေါ်တူဂီ အသင်းဟာ ကမ္ဘာ့ဖလား အပြီး နည်းပြ ဆန်းတို့စ်ကို ရာထူးကနေ ထုတ်ပယ် ခဲ့ပြီးတဲ့နောက် ဘယ်ဂျီယံ နည်းပြဟောင်း ရော်ဘတ်တို မာတီးနက်ဇ်ကို နည်းပြသစ် အဖြစ် အပြီးသတ် ခန့်အပ်ခဲ့ပြီ ဖြစ်ပါတယ်။

နည်းပြသစ် ခန့်အပ်ပြီးတဲ့နောက် ပေါ်တူဂီ
စူပါစတား ရော်နယ်ဒိုရဲ့ အနာဂတ် ဘယ်လို ဖြစ်မလဲဆိုတာ သိချင်တဲ့သူတွေ များပြားလာခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ထင်သလို ဖြစ်မလာခဲ့ပဲ ဝမ်းနည်းမှု အပြည့်နဲ့ ကွင်းထဲက ထွက်ခွာခဲ့ပြီးနောက်မှာ ပေါ်တူဂီ အသင်းဝတ်စုံနဲ့ မြင်ရတာ နောက်ဆုံး ဖြစ်လေမလား ဆိုတာ ရော်နယ်ဒိုရဲ့ ပရိတ်သတ်တွေ တွေးနေခဲ့ကြ ပါတယ်။

ဒါပေမယ့် ပေါ်တူဂီ အသင်းရဲ့ နည်းပြသစ် ဖြစ်သူ ရော်ဘတ်တို မာတီးနက်ဇ်ကတော့ ကစားသမားဖက်က ဆန္ဒရှိခဲ့ရင် လက်ရွေးစင် အသင်းတွက် ရွေးချယ်သွားမယ်လို့ နည်းပြ ဖြစ်ပြီးချင်းမှာပဲ အတည်ပြု သွားခဲ့ပါတယ်။

ပေါ်တူဂီ နည်းပြဟောင်း ဆန်းတို့စ်က ကမ္ဘာ့ဖလားမှာ ရော်နယ်ဒိုကို အရန်ခုံပေါ် ပို့ထားခဲ့ပြီး ဒါဟာ သူ့ရဲ့ အဆုံးသတ် ဖြစ်နေမလား ဆိုတာ ကမ္ဘာ့ဖလားထဲက အားလုံး တွေးနေတဲ့ အရာ တခု ဖြစ်ပါတယ်။

မကြာသေးမှီက ဥရောပ ဘောလုံးရပ်ဝန်းနဲ့ ဝေးရာ ဆော်ဒီကလပ် အယ်နက်ဆာကို ပြောင်းသွားပြီး နောက်မှာတော့ ရော်နယ်ဒိုရဲ့ ပုံရိပ်တွေ မှေးမှိန်သွားတော့မယ် လို့ ထင်ခဲ့ကြပါတယ်။

ဒါပမေယ့ျ အယျနာဆာမှာ ရောနြယဒြိုရဲ့ မိတျဆကျပှဲက ကမ်ဘာ့ဖလား ဗျိုလျလုပှဲထကျတောငျ စိတျဝငျစားမှု မြားပွားနခေဲ့ပွီး အယျနကျဆာရဲ့ ပှဲစဉျတှကေို အားပေးမယ့ျ ရောနြယဒြိုရဲ့ ပရိတျသတျတှကေလညျး ဒုနဲ့ဒေး ရှိလို့ နပေါတယျ။

ရော်နယ်ဒိုရဲ့ ပုံရိပ်ကို သိထားနှင့်ပြီးသားဖြစ်တဲ့ ပေါ်တူဂီ နည်းပြသစ် မာတီးနက်ဇ်က ၁၉နှစ်တောင် ပေါ်တူဂီ အသင်းနဲ့ ဖြတ်သန်းပြီးသား ဖြစ်တဲ့ ရော်နယ်ဒိုကို လေးစားပြီးသား ဖြစ်တယ်လို့ ပထမဆုံး အင်တာဗျူးမှာပဲ ပြောသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အထင်ကြီးစရာ ကစားသမား တယောက် ဖြစ်တယ်လို့ ဆိုခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခဲ့တဲ့ ပေါ်တူဂီ အသင်းသား အားလုံးနဲ့ မကြာခင် တွေ့ဆုံသွားဖို့ ရှိတယ်လို့ မာတီးနက်ဇ်က ထုတ်ပြော သွားခဲ့ပါတယ်။

” အဓိကတော့ ပြိုင်ပွဲ အတွင်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော် ချရမှာပေါ့။ သိပ်အလော တကြီး လုပ်စရာတော့ မရှိပါဖူး။ အခုလောလောဆယ် ကျွန်တော် အားလုံးနဲ့ တွေ့ချင်တယ်။ ”

” အဓိကတော့ ကစားသမားတွေ အားလုံးနဲ့ စကားပြောချင်တယ်။ ဒီထဲမှာ ခရစ္စတီယာနိုလဲ ပါတာပေါ့။ သူက လက်ရွေးစင် အသင်းနဲ့ ၁၉နှစ်တောင် ဖြတ်သန်းထားတဲ့ သူပါ။ ပြီးတော့ သူက လေးစားမှုတွေနဲ့ ထိုက်တန်တဲ့ ကစားသမား ဖြစ်ပါတယ်။”

” တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သွားမယ်။ ပြီးရင်တော့ ယူရို ချန်ပီယံရှစ် အတွက် အကောင်းဆုံး လူစာရင်းကို တည်ဆောက် ရမှာပေ့ါ။ မနက်ဖြန်က စပြီးတော့ ကစားသမားတွေ အားလုံးနဲ့ တွေ့ဖို့ ရှိတယ်။ ခရစ္စတီယာနို အပါဝင်ပေ့ါ။ ”

” ပြီးတော့ အင်အား အတောင့်တင်းဆုံး အသင်း ဖြစ်လာဖို့ ဒီအသင်းနဲ့ ပူးပေါင်းနိုင်တဲ့ ကစားသမားတွေ အားလုံးကို ရွေးချယ်ဖို့ စတင် လုပ်ဆောင်တော့မယ်။ ကျွန်တော့် အနေနဲ့ ကစားသမားတိုင်းကို လေးစားမှု ရှိပါတယ်။ အားလုံးကို အခွင့်ရေး ပေးသွားမှာပါ။ ” ဆိုပြီး ပထမဆုံး ကွန်းဖရန့်မှာတင် ထုတ်ပြော သွားခဲ့ပါတယ်။

နည်းပြ မာတီးနက်ဇ်ရဲ့ ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ အတွက် လက်ချင်စတိန်၊ လူဇင်ဘတ် အသင်းတွေနဲ့ မတ်လမှာ ခြေစစ်ပွဲ စတင် ကစားရဖို့ ရှိနေပါတယ်။