ညက ကစားသွားခဲ့ကြတဲ့ အောက်စဖို့ဒ် ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ အက်ဖ်အေဖလား တတိယ အဆင့်ပွဲစဉ်မှာ အာဆင်နယ်တို့က အဝေးကွင်းမှာ အန်လီနီ၊ အယ်ကီတီယာတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ (၃-ဝ)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဒီပွဲစဉ်မှာ အသက် (၂၃)နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ ကွင်းလယ်ကစားသမား လိုကွန်ဂ်ဂါ တစ်ယောက်လည်း အာဆင်နယ် ရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
အန်းဒါလျက်ချ် အသင်းကနေပြီးတော့ (၂၀၂၁)ခုနှစ် မှာ ပြောင်းရွှေ့ကြေး ပေါင် (၁၇.၂)သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ အန်းဒါလက်ချ်အသင်းအတွက် စီနီယာ ကစားသမားဘ၀ (၇၈) ပွဲအထိ လိုကွန်ဂ်ဂါက ပွဲထွက်ကစားခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာလည်း အာဆင်နယ် အတွက် ပြိုင်ပွဲစုံ (၁၃) ပွဲ ပါဝင်ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။ ညက အောက်စဖို့ဒ်နဲ့ ပွဲစဉ်မှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပေမဲ့ ပရိသတ်တွေဆီက အထင်ကြီးမှုတွေ ရရှိဖို့ အတွက်ကိုတော့ ဆုံးရှုံးခဲ့ရပါတယ်။
အထူးသဖြင့် လိုကှနျ၈ျဂါရဲ့ ပထမပိုင်း စွမ်းဆောင်ရည်တွေအပေါ် ပရိသတ်တွေက စိတ်ပျက်လျက် ရှိခဲ့ကြပြီးတော့ ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ကြတာ ဖြစ်ပါတယ်။
အာဆင်နယ်တို့ဟာ ပထမပိုင်းမှာ အောက်စဖို့ဒ်ကို အသာစီးရယူနိုင်ခဲ့ခြင်းမရှိခဲ့ပဲပထမပိုင်း (၄၅) မိနစ်မှာ ဂိုးမရှိသရေနဲ့ ပြီးဆုံး သွားခဲ့ရတာ ဖြစ်ပါတယ်။ပထမပိုင်းမှာ လိုကွန်ဂ်ဂါဟာ အာဆင်နယ်ရဲ့ ကွင်းလယ်မှာ စိုးမိုးမှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ခြေစွမ်းတွေကြောင့်ပဲ လိုကွန်ဂ်ဂါတစ်ယောက် ပွဲကစားချိန် (၆၂)မိနစ်မှာ ဇာခါနဲ့ လူစားလဲခံလိုက်ရပါသေးတယ်။ အာဆင်နယ် ပရိသတ်တွေကတော့ လိုကွန်ဂ်ဂါရဲ့ ခြေစွမ်းတွေကို တော်တော်လေး စိတ်ပျက်လျက် ရှိနေခဲ့ကြပြီး အငှားချဖို့ အပြီးသတ်ရောင်းချလိုက်တာမျိုးတွေ လုပ်ဖို့ အထိ တောင်းဆိုသွားခဲ့ပါတယ်။
ပရိသတ်တစ်ဦးက လိုကွန်ဂ်ဂါရဲ့ ခြေစွမ်းက ဒီညမှာ အာဆင်နယ် အတွက်ကြောက်စရာ ကောင်းခဲ့တယ် မှတ်ချက်ပေးသွားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း လိုကွန်ဂ်ဂါ ထက်သွားတယ် အာဆင်နယ် ဂိုးသွင်းတယ်၊ တိုက်ဆိုင်မှုလား ငါတော့မထင်ပါဘူး လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

တတိယမြောက် ပရိသတ်တစ်ဦးကလည်း ငါတို့ရဲ့ အရန်ကွင်းလယ်လူတွေက ဘယ်လောက်ကြောက်စရာ ကောင်းလိုက်လဲ၊ လိုကွန်ဂ်ဂါကို ငါတို့ ရောင်းဖို့ ဒါမှမဟုတ် အငှားချဖို့တော့ လိုနေပြီ လို့ ပြောဆိုသွားခဲ့ပြန်ပါတယ်။
နောက်တစ်ဦးကလည်း လိုကွန်ဂ်ဂါ ကို အာဆင်နယ် ဂျာစီထပ်မဝတ်ပေးပါနဲ့တော့ အငှားချဖို့ လိုအပ်နေပြီ သူက အခွင့်အရေးတွေကို ဘယ်တုန်းကမှ အမိအရ မယူနိုင်ခဲ့ဘူး ဝေဖန်သွားခဲ့ပါတယ်။
အာဆင်နယ် အသင်း အနေနဲ့ နောက်တဆင့်မှာတော့ ပရီးမီးယားလိဂ် ပြိုင်ဖက် မန်စီးတီး အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင် ရဖို့ ရှိနေပါတယ်။