ကာရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချာလ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ၃ – ၀ ဂိုး ရလဒ်ဖြင့် အနိုင်ကစားကာ ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်း အတွက် သွင်းဂိုး ၂ဂိုးကို သွင်းယူပေးခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ် အနေနဲ့လည်း ယူနိုက်တက် ဂန္ဓဝင်တိုက်စစ်မှုးကြီး ဝိန်းရွန်းနီတင်ထားခဲ့တဲ့ စံချိန်မှတ်တမ်းတစ်ခုကို အမီလိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ချာလ်တန်အသင်းကို အို့ထရက်ဖို့ဒ်ကွင်းအတွင်းမှာ ၃ – ဝရလဒ်ဖြင့် အနိုင်ရခဲ့တဲ့ပွဲစဉ်တွင် ယူနိုက်တက်အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်အနေဖြင့် ယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်တိုက်စစ်မှုး ဝိန်းရွန်းနီတင်ထားခဲ့တဲ့ အိမ်ကွင်း ၈ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ စံချိန်ကို လိုက်မီသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကာရာဘောင်ဖလားဆွတ်ခူးနိုင်ရေးအတွက် အရေးပါတဲ့ ချာလ်တန်အသင်းနဲ့ ပွဲစဉ်တွင် ပထမပိုင်းပွဲကစားချိန် ၂၁မိနစ်မှာကတည်း ဘယ်တောင်ပံတိုက်စစ်မှာ ခြေစွမ်းပြ ကစားနေတဲ့ အန်တိုနီရဲ့ လှပတဲ့ ညာထောင့်ကို ဝေ့ဝိုက်ကန်သွင်းချက်နဲ့အတူ ၁ – ၀ ရလဒ်ဖြင့် ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပွဲကစားချိန်ပြီးလုနီး မိနစ် ၉၀၊ ၉၀ + ၄ မိနစ်တို့မှာ တိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ် တစ်ဦးတည်းက ၂ဂိုးသွင်းယူခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် အနိုင်သေချာစေခဲ့သလို သူဟာ ၂၀၁၀ ခုနှစ် မတ်လမှာ ရွန်းနီရေးထိုးခဲ့တဲ့ စံချိန်အပြီးမှာ အိမ်ကွင်း ၈ပွဲဆက် သွင်းဂိုးရှာဖွေနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် အနီးကပ်ဆုံးပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယားအဆင့် ၂နေရာမှ နည်းပြ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ကစားရသွားရဖို့ရှိနေတာပဲ ဖြစ်ပါတယ်။