တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီနည်းပြဟောင်း မော်ရီချီယိုပိုချက်တီနိုကတော့ လက်ရှိနည်းပြ ဂရေဟမ်ပေါ်တာသာ ထုတ်ပယ်ခံရရင် ချဲလ်ဆီး နည်းပြသစ်ရာထူးကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နည်းပြပေါ်တာဟာ လက်တလောမှာ ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံတွေ့ရနေရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁၀ ထိ ရောက်နေတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အနောက်လန်ဒန်ကလပ်ဟာ ပြီးခဲ့တဲ့ပိတ်ရက်တုန်းကလည်း မန်ချက်စတာစီးတီးကို ၄-၀ နဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးပြိုင်ပွဲ ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပါသေးတယ်။

နည်းပြပေါ်တာဟာ ချဲလ်ဆီးအသင်းကို စက်တင်ဘာကမှ တာဝန်ယူခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာလည်း အလုပ်ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ The Sun သတင်းစာရဲ့ အဆိုအရတော့ ပိုချက်တီနိုက ပေါ်တာသာ ထုတ်ပယ်ခံရရင် ချဲလ်ဆီးနည်းပြရာထူးကို ရယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

တော့တင်ဟမ်နည်းပြဟောင်းဟာ နွေရာသီတုန်းက ပီအက်စ်ဂျီကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေတာ ဖြစ်ပါတယ်။ အာဂျင်တီးနားသားနည်းပြဟာ တော့တင်ဟမ်မှာတုန်းကတော့ အကောင်းဆုံး စှမျးဆောာငျရညျကို ပြသနိုင်ခဲ့ပြီး ၂၀၁၉ ချန်ပီယံလိဂ် ဖိုင်နယ်ထိတက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် နည်းပြပေါ်တာအနေနဲ့ ချဲလ်ဆီးမှာ အချိန်တော့ရဦးမှာ သေချာပါတယ်။ လက်ရှိချဲလ်ဆီးရဲ့ ခြေစွမ်းက စိတ်ပျက်စရာကောင်းနေပေမယ့် နည်းပြကို အပြစ်တင်လို့တော့ မရပါဘူး။

လက်ရှိအသင်းမှာ ဒဏ်ရာရကစားသမား ၁၀ ယောက်လောက်ရှိနေတာကလည်း အကြီးမားဆုံး ပြဿနာဖြစ်နေပါတယ်။ ဒီရာသီချဲလ်ဆီးရဲ့ နောက်ထပ်အကြီးမားဆုံး ပြဿနာကတော့ တိုက်စစ်မှာ ဂိုးသွင်းမယ့်သူမရှိဖြစ်နေတာပါပဲ။

ရိုမီယူလူကာကူက အင်တာမီလန်ကို အငှားထွက်နေသလို တီမိုဝါနာကလည်း ဂျာမနီကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ အူဘာမီယန်းကို အစားထိုးခေါ်ထားပေမယ့်လည်း လက်ရှိချိန်ထိ ထိရောက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်း မရှိသေးပါဘူး။