ရက်ဘူးလ်ဆဲလ်ဘတ်မှာ ဟာလန်းပေါ်လာတုန်းကလို ခြေစွမ်းထက်တဲ့မျိုးဆက်သစ်လေးတစ်ယောက် ဒေါ့မွန်မှာရှိနေပါတယ်။ အထောင်တိုက်စစ်ပဲ ကစားတဲ့ မော်ကိုကိုဆိုတဲ့ အသက် (၁၈)နှစ်အရွယ် ကစားသမားလေးပါ။

ဟာလန်းနဲ့ ကစားပေါက်မတူပေမဲ့ မော်ကိုကိုရဲ့ခြေစွမ်းက ဂိုးသွင်းနိုင်စွမ်းမြင့်မားလွန်းပါတယ်။ ဟာလန်းလို ဂိုးမုဆိုးဖြစ်တဲ့အတွက် မော်ကိုကိုကို ဒေါ့မွန်က စင်တင်ဖို့ ကြိုးစားနေချိန်မှာပဲ ပြဿနာတစ်ခုက ရှိလာခဲ့ပါတယ်။

ကစားသမားက ဒေါ့မွန်နဲ့စာချုပ်သစ်ဆွေးနွေးဖို့ လုံးဝအပြတ်ငြင်းထားပြီး၊ သူ့ကို ပွဲထွက်ခွင့်ပေးမယ့် ဥရောပအသင်းကြီးတွေကိုပဲ ခြေဆန့်ဖို့ တော့မှာပါ။ စာချုပ်သစ်မရှိလို့ နောက် (၆)လနေရင် မော်ကိုကိုကို အလွတ်ကြေးနဲ့ခေါ်ယူခွင့်ရမှာပါမယ်။

ဒီအနေအထားကို ဥရောပအသင်းကြီးတွေ သိတာကြောင့် အသည်းအသန်ဝင်ရောက်ဆွေးနွေးနေပေမဲ့ ချဲလ်ဆီးတစ်သင်းပဲ သေချာချဉ်းကပ်နိုင်တာရှိပါတယ်။ဒါပေမဲ့ အခုအချိန်မှာတော့ မော်ကိုကိုလုပွဲကို နယူးကာဆယ်က ဒုန်းဆိုင်းဝင်လာခဲ့ပါပြီ။

Goal သတင်းဌာနရဲ့ဖော်ပြချက်အရ နယူးကာဆယ်ဟာ မော်ကိုကို တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းခွဲအထိပေးချေမှာဖြစ်တဲ့အပြင် အပြောနဲ့မဟုတ်ဘဲ စာချုပ် စာတမ်းနဲ့တကွ အေ့ဂျင်ဆီ တရားဝင်ကမ်းလှမ်းထားပြီလို့သိရပါတယ်။

ပွဲထွက်ခွင့်အတွက် ကစားသမားစိတ်ဝင်စားအောင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ဆွဲဆောင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ အက်ဒီဟိုဝီရဲ့နယူးကာဆယ်ကလည်း အခြေအနေကောင်းနေတာမလို့ မော်ကိုကိုဟာ လစာကိုကြည့်ပြီး၊ နယူးကိုရောက်လာနိုင်ပါတယ်။

ချန်ပီယံလိဂ်ရဲ့အသက်အငယ်ဆုံး ပွဲထွက်ကစားသမားလည်းဖြစ်၊ ဘွန်ဒက်လီဂါရဲ့အသက်အငယ်ဆုံးသွင်းဂိုးရှင်လည်းဖြစ်တဲ့ မော်ကိုကိုကို အလွတ်ကြေးနဲ့ရအောင်
အခုလို စံချိန်တင်လစာနဲ့ကမ်းလှမ်းလိုက်တာက ချဲလ်ဆီးအသင်းချဉ်းကပ်ဖို့ ခက်သွားစေပါတယ်။

ဒေါ့မွန်က မော်ကိုကိုကို လက်မလွှတ်ရအောင် အတတ်နိုင်ဆုံး ကြိုးစားနေပေမဲ့ ကစားသမားရဲ့ဆုံးဖြတ်ချက်ကို ဘယ်လိုမှဟန့်တားဖို့ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။ ကိုကိုလို့နာမည်ပြောင်ပေးထားတဲ့ မော်ကိုကို နယူးကာဆယ်ရောက်လာခဲ့ရင်တော့ နယူးတိုက်စစ်ဟာ ဒီထက်ဂိုးတွေပိုမြိုင်လာဖို့ရှိနေပါတယ်။