ညက ကစားသွားခဲ့ကြတဲ့ ဆောက်သမ်တန်နဲ့ မန်စီးတီးတို့ရဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဥ်မှာ မန်စီးတီးတို့ဟာ အခွင့်အရေးလေးတောင်မရပဲ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

စိမ့်မေရီမှာ ဆောက်သမ်တန်တို့က လူစုံထုတ်ပွဲထွက်လာခဲ့သလို မန်စီးတီးတို့ကလည်း ဒီဘရိုင်း ၊ ဟာလန်းတို့မပါတာကလွဲရင် နေရာတော်တော်များများမှာ အဓိက ကစားသမား အစုံအလင်နဲ့ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စိမ့်မေရီဟာ မန်စီးတီးအတွက် သက်ကွင်းဖြစ်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှုတောင် တကြိမ်တခါမှမရှိခဲ့ပဲနဲ့ အရေးနိမ့်သွားခဲ့ရတာလည်းပဲ ဖြစ်ပါတယ်။

ဆောက်သမ်တန်တို့သွင်းယူခဲ့တဲ့သွင်းဂိုးနှစ်ဂိုးလုံးဟာလည်း တော်တော်လေး အဆင့်မြင့်ခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၂၃ မိနစ်မှာဆိုရင် လျန်ကို အနိမ့်ဘောဖြတ်တင်ပေးလိုက်တာကို မာရာကို မန်စီးတီး နောက်ခံလူကို ကျော်တက်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

၂၈ မိနစ်မှာသွင်းယူခဲ့တဲ့ ဂျန်နက်ပိုရဲ့ သွင်းဂိုးကလည်း တော်တော်လေး အဆင့်မြင့်ခဲ့ပြီး မန်စီးတီးဂိုးသမား ရှေ့တက်နေတဲ့ အနေအထားမှာ ကျော်ပြီးတော့ လှလှပပ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဥ်မှာ မန်စီးတီးတို့ဟာ ဆောက်သမ်တန်ကို ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့တာကလွဲရင် ဆောက်သမ်တန်ကသာ အသာရနေခဲ့တာ ဖြစ်ပါတယ်။ ဆောက်သမ်တန်ဘက်ကို ဂိုးကန်သွင်းမှု ၇ ကြိမ်သာ ရှိခဲ့ပြီးတော့ ဆောက်သမ်တန်က မန်စီးတီးထက် နှစ်ဆလောက်ပိုများခဲ့သေးတာပါ။

ဒါ့အပြင် ဂိုးပေါက်တောင်တကြိမ်တခါမှ တည့်မတ်ခဲ့ခြင်း မရှိပဲ ဒီရာသီမန်စီးတီးရဲ့ အဆိုးဆုံးပွဲစဥ်တပွဲလို့တောင် သက်မှတ်ပြောဆိုသွားရမှာ ဖြစ်ပါတယ်။ ဆိုတော့မနျစီးတီးတို့အနနေဲ့ ကာရာဘောငျဖလားပှဲကနေ စောစီးစှာပဲ ထှကျခှာသှားခဲ့ရပွီဖွဈပါတယျ။ မနျစီးတီးနညျးပွ ဂှာဒီယိုလာကတော့ ဒါကမတူညီတဲ့ပွိုငျပှဲတခုပါ၊ ဒီလိုစှမျးဆောငျရညျနဲ့တော့ ကွှနတြောတြို့မှာ အခှငျ့အရေး တခုတောငျမရှိခဲ့ပါဘူး၊

ဆိုးရွားတဲ့ညတညပါပဲ၊ သူတို့ကို ကျွန်တော်ကောင်းကောင်းသိပါတယ်၊ ကျွန်တော်တို့ ဘာလဲဆိုတာပြဖို့ နီးတောင်မနီးစပ်ခဲ့ပါဘူး၊ ချဲလ်ဆီးနဲ့ရင်ဆိုင်ရအပြီး ၃ ရက်အကြာမှာ ဒီပွဲကစားရပါတယ်၊ ပြောစရာမရှိပါဘူး၊ သူတို့ကပိုကောင်းခဲ့ပါတယ်၊ သူတို့ကို ဂုဏ်ပြုပါတယ်၊ ပြီးတော့ဒါကိုလက်ခံရပါမယ်၊ မန်စီးတီးအတွက်ကစားတဲ့အခါ တပွဲချင်းစီတိုင်းမှာ ကျွန်တော်တို့ပြင်ဆင်ရပါမယ်၊ ဒီနေ့မှာတော့အဲ့လိုမဟုတ်ခဲ့ပါဘူး လို့ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးတို့ဟာ လာမယ့်စနေနေ့မှာတော့ မြို့ခံ ပြိုင်ဘက် မန်ယူနိုက်တက်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ်သရဖူ စိန်ခေါ်နိုင်ရေးအတွက် အရေးပါတဲ့ ပွဲစဥ်တပွဲအဖြစ် ရှိလာမှာ ဖြစ်ပါတယ်။