ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဆော်ဒီပြည်သူရင်းနှီးမြှပ်နှံမှု အင်အားစုရဲ့ ပိုင်ဆိုင်မှုနဲ့အတူ ပုံစံကောင်းပြသကာ အမှတ်ပေးဇယားအဆင့် ၃နေရာအထိ တက်လှမ်းထားနိုင်လျှက်ရှိတဲ့ နယူးကာဆယ်အသင်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မှာ ပုံမှန်ပွဲထွက်ကစားခွင့်နည်းပါးနေတဲ့ မက်တိုမီနေးကို ခေါ်ယူရန်အတွက် စိတ်ဝင်စားမှု ရှိနေတဲ့ အကြောင်း သတင်းထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။

နာမည်ကျော် သတင်းထောက်တစ်ဦးဖြစ်သူ ကိတ်ဒေါင်းနေးက နယူးကာဆယ်အသင်း အနေဖြင့် ပရီးမီးယားလိဂ်အင်အားကြီးအသင်းတွေရဲ့ ကစားသမားအချို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားကာ ငွေကြေးတွက်ဆမှုတွေ ပြုလုပ်နေပြီ ဖြစ်ကာ ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား တိုမီနေးရဲ့ အပြောင်းအရွှေ့က ဖြစ်နိုင်ခြေ နည်းပါနေသေးတာ ဖြစ်ပါတယ်။

Sky Sport သတင်းဌာနရဲ့ သတင်းထောက်ဖြစ်တဲ့ ကိတ်ဒေါင်းနေးကနယူးကာဆယ်အသင်းက ယူနိုက်တက် ကွင်းလယ်ကစားသမား တိုမီနေးကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အငှားနဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပေမဲ့ ယူနိုက်တက်အသင်းက တိုမီနေးကို အို့ထရက်ဖို့ဒ်တွင်သာ ဆက်ထိန်းထားဖို့ ဆန္ဒရှိနေပါတယ်လို့ GiveMeSport သတင်းဌာနကို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် တိုမီနေးကို ရောင်းချဖို့ ဆန္ဒမရှိသေးသလို တိုက်စ်ပိုင်း အားဖြည့်မှု တစ်ရပ်အဖြစ် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ဘန်လေအသင်းရဲ့ နယ်သာလန်တိုက်စစ်ကစားသမား ဝက်ဂ်ဟော့ကို ငှားရမ်းက ယူရို ၃သန်းပေးချေကာ ရာသီဝက်စာချူပ်ဖြင့် ခေါ်ယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ အက်ဒီဟိုဝီရဲ့ နယူးကာဆယ်အသင်းက ယခုနှဈပရီးမီးယားလိဂျပွိုငျပှဲအတှငျး ၁၈ပွဲကစားအပြီးမှာ ၉ပွဲနိုင်၊ ၈ပွဲသရေဖြစ်ခဲ့သလို ၁ပွဲသာ အရေးနိမ့်ထားသေးကာ ရမှတ် ၃၅မှတ်အဖြင့် အမှတ်ပေးဇယားအဆင့် ၃နေရာအထိ တက်လှမ်းထားနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ကစားခွင့်ရနိုင်ရန်အတွက်ပါ နီးစပ်နေတာပဲ ဖြစ်ပါတယ်။