ယူနိုက်တက်ဆီ ပြောင်းဖို့ သဘောတူညီမှု ရရှိထားတဲ့ တိုက်စစ်မှူး ဗက်ဟော့စ်က ယနေ့မှာပဲ ဘက်ဆစ်တပ်နဲ့ သူ့ရဲ့ ကြားမှာ ရှိနေတဲ့ အငှားစာချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း တူရကီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဗက်ဟော့စ်က ဘန်လေကနေ ဘက်ဆစ်တပ်ဆီ ၁ရာသီအငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပြီး သူက ဘက်ဆစ်တပ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် ဘန်လေကနေ တဆင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားနိုင်တော့မှာပါ။

ဒါကြောင့် အသင်းဟာ ဝက်ဟော့စ် အား အဌား ခေါ်ယူရန် ဘန်လေအသင်းနဲ့ရောဘက်ဆစ်တပ် အသင်းနဲ့ပါ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပြီး ဝက်ဟော့စ်ဟာ ယခုသီတင်းပတ်မှာပဲအသင်းဆီသို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဘက်ဆစ်တပ်က ဗက်ဟော့စ်ကို စာချုပ်ဖျက်သိမ်းပေးခဲ့ရမှုကြောင့် လျော်ကြေးငွေ ယူရို ၃သန်း အထိ ရရှိခဲ့ပြီး အဆိုပါငွေကြေးကို မန်ချက်စတာ ယူနိုက်တက်က ပေးချေရဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဗက်ဟော့စ်ကို အငှားနဲ့ယူမှာ ဖြစ်ပြီး ဗက်ဟော့စ်ကတော့ တူရကီမြေ ကနေ မန်ချက်စတာမြို့ဆီ တိုက်ရိုက် လာမယ်လို့ သိရှိရပါတယ်။ ကစားသမားကလည်း မန်ချက်စတာသို့ မထွက်ခွာခင် ယနေ့မနက်မှာ Istanbul မှာ နူတ်ဆက်စကား ပြောကြားခဲ့ကြောင်းသိရပါတယ်။

တိုက်စစ်မှူး ဝက်ဟော့်စ် ဟာ အသင်းအဝတ်လဲခန်းအတွင်းမှ သူ့ရဲ့ပစ္စည်းတချို့ကို သိမ်းဆည်းပြီးနောက် အသင်းဖော်များကို နှုတ်ဆက်ခဲ့ပြီး အသင်းမှထွက်ခွါသွားပြီဖြစ်တယ်လို့သိရပါတယ်။

ယခုတစ်ပတ်မှာကစားမယ့် Konyaspor နဲ့ပွဲအတွက် Besiktas အသင်းရဲ့လူစာရင်းမှာ ပါဝင်ခြင်းရှိမှာမဟုတ်ပါဘူး။ ဝက်ဟော့စ် ဟာ ယူနိုက်တဒ်နဲ့ သဘောတူလက်မှတ်ရေးထိုးရန်အတွက် ယခုတစ်ပတ်အတွင်း မန်ချက်စတာမြို့သို့ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။