ဘောလုံး ပရိသတ်တွေ အများစုကတော့ ခရစ္စတီယာနို ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာပြီးနောက်် ဆော်ဒီ အာရေးဗျ ကို ပြောင်းရွှေ့သွားခဲ့တာက တကယ့်ကို လွယ်ကူလွန်းတဲ့ ရွေးချယ်မှုပဲလို့ ထင်ကောင်းထင်နေကြပါလိမ့်မယ် ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ 2022 ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး မစတင်မီတုန်းက အာဆင်နယ် ပရိသတ် တစ်ဦးဖြစ်တဲ့ ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး လုပ်ဆောင်ခဲ့ပြီး အဆိိုပါ အင်တာဗျူးမှာ ယူနိုက်တက်နဲ့ ပတ်သက်လို့ မကောင်းတဲ့ အကြောင်းအရာ အများကြီး ပြောခဲ့ပါတယ် ။

အဲ့ဒီထဲမှာတော့ သူက ဂလေဇာ မိသားစုဝင်တွေဟာ စီိးပှားရေးဆနျသူတှေ ဖြစ်ကြောင်း ၊ နည်းပြဟောင်း ရန်းဂနစ် လို ပရော်ဖက်ဆာဆန်တဲ့ နည်းပြမျိုး ရောက်လာဖို့ မမျှော်လင့်ခဲ့ကြောင်း ၊ တန်ဟတ် က သူ့ကို မလေးစားလို့ သူ့ဖက်ကလည်း မလေးစားကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ကစားနေခဲ့စဥ် အချိန််ကာလအတွင်း ယူနိုက်တက်အသင်းရဲ့ အကြီးအကဲတွေ ဆုံတွေ့ခဲ့ကြပြီး ရော်နယ်ဒို နဲ့ လမ်းခွဲဖို့ စိတ်ပိုင်းဖြတ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက် နဲ့ ရော်နယ်ဒို့ နှစ်ဖက် သဘောတူ လမ်းခွဲခဲ့ကြပါတယ် ။

အဲ့ဒီနောက် ရော်နယ်ဒို ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုတာက ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရပါတယ် ။ အဆိုပါ အချိန်တုန်းကတော့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ကစားရမယ့် အသင်းတစ်သင်းဆီပဲ ပြောင်းလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ သူဟာ ဆော်ဒီ အာရေးဗျ မှ အယ်လ် နဆာရ် အသင်းဆီ ကမ္ဘာ့ စံချိန်တင် လစာငွေနဲ့ ပြောင်းရွှေ့သွားခဲ့လိုက်ပါတယ် ။ အခုတော့ ဘာစီလိုနာ နည်းပြ ဇာဗီ က ဆော်ဒီ မှာ ကစားဖို့ ဆိုတာ စိန်ခေါ်မှုတစ်ခု ဖြစ်နေလိမ့်မယ်လို့ ရော်နယ်ဒို ကို သတိပေးသွားခဲ့လိုက််ပါတယ် ။

” ရော်နယ်ဒိုက ဆော်ဒီ အာရေးဗျ မှာ ရှိနေတဲ့ အကောင်းဆုံး အသင်း တစ်သင်းဆီကို ပြောင်းရွှေ့သွားခဲ့ရတာပါ ။ ဒါပေမဲ့ အဲ့တာက တကယ့် စိန်ခေါ်မှု တစ်ခုပဲ ဖြစ်နေရပါတယ် ။ ဆော်ဒီ အာရေးဗျ မှာ ဆက်လက် တိုးတက်ဖို့ လိုနေတဲ့ အရာတွေ ရှိနေပါသေးတယ်

ဒါပေမဲ့ စပိန်မြေ မှာလည်း တိုးတက်ဖို့ လိုနေတာတွေ အများကြီးပဲ ရှိနေပါတယ် ။ ကျွန်တော်တို့ တိုးတက်ဖို့ လိုနေတဲ့ နေရာ 2 သိန်းလောက် ရှိနေပါတယ် ။ ဘောလုံး ကို နေရာတိုင်း တိုးတက်စေနိုင်ဖို့ လူတွေ အလိုရှိနေကြတယ်လေ လို့ ဇာဗီ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။”