ပီအက်စ်ဂျီနှင့် ကစားမယ့် ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ မာနေး မပါဝင်ကစားရမှာဖြစ်သော်လည်း ဒုတိယအကျော့မှာ ပါဝင်နိုင်မှာဖြစ်ပါတယ်လို့ နာဂယ်စ်မန်းက ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလတုန်းက ခြေဖဝါးဒဏ်ရာ ရရှိခဲ့တဲ့ မာနေးဟာ ကမ္ဘာ့ဖလားကိုလည်း လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ဘွန်ဒက်စ်လီဂါကလပ်သို့ လီဗာပူးကနေ ပြောင်းရွှေ့လာတာခဲ့တဲ့ ဆီနီဂေါနိုင်ငံသားဟာ ခွဲစိတ်မှုခံယူထားရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သက်သာနေပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြကတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ပီအက်စ်ဂျီနှင့်ကစားမယ့်ပွဲမှာ မာနေးပါဝင်ဖို့ မမျှော်မှန်းထားတာဖြစ်ပါတယ်။

မာနေးအနေနဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး အဆင်မပြေမှုများ မရှိခဲ့ရင် မတ်လ ၈ ရက်နေ့ အိမ်ကွင်းတွင်ကစားမယ့် လီဂူးဝမ်းချန်ပီယံနှင့်ကစားမယ့်ပွဲမှာတော့ အသက် ၃၀ အရွယ် ကစားသမား ပါဝင်နိုင်ဖို့ နည်းပြက မျှော်လင့်နေပါတယ်။

ကြာသပတေးနေ့ ဒိုဟာမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဂယ်စ်မန်းက “မာနေးက အရေးပါတဲ့ ကစားသမားတစ်ဦးပါ။ အားလုံးအဆင်ပြေခဲ့တယ်ဆိုရင် သူက ပီအက်စ်ဂျီနဲ့ပွဲမှာ အချိန်မီ ပြန်ကစားနိုင်မှာဖြစ်ပါတယ်”

“လေ့ကျင့်ခန်းတွေအပေါ်သူ့ရဲ့တုန့်ပြန်မှုက ဘယ်လိုလဲဆိုတာ ကျွန်တော်တို့က ကြည့်ရမှာဖြစ်ပါတယ်။ ပထမအကျော့အတွက်တော့ သူက ပါဝင်နိုင်မှာ မဟုတ်ပါဘူးလို့ ကျွန်တော် ထင်မိပါတယ်” လို့ နည်းပြ နာဂယ်စ်မန်းက ပြောပါတယ်။

ဘိုင်ယန်ဟာ လာမယ့် သောကြာနေ့မှာ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် လိုက်ပ်ဇစ်နှင့်မကစားမီ အခု သောကြာနေ့မှာ ဆဲလ်ဘတ်နှင့် ခြေစမ်းပွဲကစားသွားမှာဖြစ်ပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာ ရရှိနေတဲ့ ဒီလစ်ချ်ကတော့ ဩစတြေးလျကလပ်နှင့်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်သော်လည်း အေဂျက်စ်ကနေ ထွက်ခွာကာ ဘိုင်ယန်သို့ အသစ်ရောက်ရှိလာတဲ့ ဘလိုင်းကတော့ ပါဝင်နိုင်မှာဖြစ်ပါတယ်။

နယ်သာလန်နောက်တန်း ကစားသမားနှင့်ပတ်သက်ပြီး နာဂယ်စ်မန်းက “မနက်ဖြန်မှာ သူက ကစားပါလိမ့်မယ်။ လေ့ကျင့်အရေးက အရမ်းပြင်းထန်တာကြောင့် သူ့အနေနဲ့ အချိန်အချို့လိုအပ်ပါတယ်”

“သူ့မှာ အတွေ့အကြုံအများကြီး ရှိတယ်လို့ ပြောနိုင်ပါတယ်၊ သူက ယုံကြည်ချက်လည်းရှိပါတယ်။ သူက ကျွန်တော်တို့ တွေးထားတဲ့အတိုင်း ကစားသမားတစ်ဦးဖြစ်မှာပါ” လို့ ပြောပါတယ်။