ဆက်ဘစတီယန်ဟဲလာ တစ်ယောက် ဒေါ့မွန်အတွက် ပထမဆုံး ပြန်ကစားနိုင်ခဲ့တဲ့ ပွဲစဉ်မှာပဲ တော်တော်လေး မြန်လွန်းတဲ့ ဟက်ထရစ် သွင်းဂိုးကို သွင်းယူပြီးတော့ ခြေစွမ်းပြသွားနိုင်ခဲ့ပါတယ်။

ကင်ဆာရောဂါကြောင့် ဟဲလာတစ်ယောက် မြက်ခင်းစိမ်းတွေနဲ့ ဝေးကွာနေတာ (၆)လလောက် ကြာမြင့်ခဲ့ပြီး ဖြစ်ပေမဲ့ မြက်ခင်းစိမ်းဆီပြန်လည် ခြေချလာနိုင်ခဲ့တဲ့ အချိန်မှာတော့ ဟက်ထရစ်သွင်းဂိုးကို သွင်းယူပေး သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

a

ဟဲလာတစ်ယောက် ဘေဆယ်နဲ့ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ခြင်းတော့ မရှိခဲ့ပေမဲ့ ပွဲကစားချိန် (၆၁) မိနစ်မှာ အသင်းဖော် မာကို့ရူးနေရာမှာ လူစားဝင်ရောက်ပြီးတော့ ကစားခဲ့ပါတယ်။

ဟဲလာ အနေနဲ့ လူစားဝင်ရောက်ပြီး ပွဲကစားချိန် (၈၁)မိနစ်မှာတော့ ပင်နယ်တီကနေ တဆင့် ဒေါ့မွန်အတွက် စတင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၈၆)မိနစ်အရောက်မှာတော့ သူ့အတွက် ဒုတိယမြောက် သွင်းဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြန်ပါတယ်။

ပွဲကစားချိန် (၈၈) မိနစ်မှာတော့ ဟဲလာက ဟက်ထရစ် ဖြစ်စေမဲ့ သွင်းဂိုးကို ထပ်မံ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဒေါ့မွန်တို့ကလည်း ဘေဆယ်ကို (၆)ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မွန်အတွက် သွင်းဂိုးတွေကိုတော့ မာကိုရူး၊ မဲလန်၊ ဘာလင်ဂမ်နဲ့ ဟဲလာတို့က သွင်းယူပေးသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဟဲလာကို ဒေါ့မွန်တို့က ဟာလန်းရဲ့နေရာမှာ အစားထိုးဖို့ ပြီးခဲ့တဲ့ နွေရာသီတုန်းက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ့မွန်နဲ့ စာချုပ်ချုပ်ပြီး (၄)ပတ်အကြာမှာပဲ ကင်ဆာ ရောဂါ ဖြစ်နေကြောင် စမ်းသပ်တွေ့ရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒီလအစောပိုင်းမှာတော့ ဒေါ့မွန်နဲ့ အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနိုင်ခဲ့ပြီးတော့ ဟဲလာတစ်ယောက် ကင်ဆာရောဂါကနေ ပြန်လည် ရုန်းထွက်လာနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ဒူဆယ်ဒေါ့ အသင်းနဲ့ ခြေစမ်းပွဲမှာ ဟဲလာတစ်ယောက် ဒေါ့မွန်အတွက် ပထမဆုံးအကြိမ်ပြန်လည် ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ ပွဲကစားချိန် (၇၄)မိနစ်မှာ စတင်ဝင်ရောက်ကစားခဲ့တာ ဖြစ်ပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ညက ဘေဆယ်နဲ့ ခြေစမ်းပွဲစဉ်မှာတော့ အသင်းအတွက် ပြန်လည် ကစားပေးနိုင်ခဲ့ပြီးတော့ ဟထရစ် သွင်းဂိုးတွေနဲ့ပါ ခြေစွမ်းပြသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အလားအလာ ရှိတဲ့ တိုက်စစ်ကစားသမားအဖြစ်သက်မှတ်ခံထားရတဲ့ သူ ဖြစ်ပြီးတော့ ဒေါ့မွန်တို့ အတွက်လည်း ဟဲလာ ပြန်လာနိုင်မှုဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အားတက်စရာ ဖြစ်စေခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။